April 15, 2012

ချစ်သူပေးတဲ့

ချစ်သူကပေးတဲ့ စိန်လော့ကက်ထက်
ချစ်သူကပေးတဲ့ ပန်းတစ်ပွင့်ကို
ပိုမြတ်နိုးတယ်
ချစ်သူပေးတဲ့ စိန်နားကပ်ထက်
ချစ်သူပေးတဲ့ ဖိနပ်တစ်ရံကို
ပိုတန်ဖိုးထားတယ်
ချစ်သူပေးတဲ့ စိန်လက်စွပ်ထက်
ချစ်သူပေးတဲ့ အကြင်နာကို
ပိုလိုချင်မိတယ်
ချစ်သူပေးတဲ့ ကားထက်
ချစ်သူပေးတဲ့ နားလည်မှုကို
ပိုလိုချင်တယ်
ချစ်သူပေးတဲ့ ရွှေငွေတွေထက်
ချစ်သူပေးတဲ့ မြတ်နိုးမှုကို
ပိုလိုချင်တယ်
ချစ်သူပေးတဲ့ အရာရာထက်
ချစ်သူပေးတဲ့  အရိပ်ကို
ပိုလိုချင်တယ်
ချစ်သူပေးတဲ့ 
နားလည် သစ္စာ
အကြင်နာ ယုယ
သမုဒယ
တစ်ဘ၀စာကို
ရင်မှာထာဝရသိမ်းဆည်းထားရင်း
ချစ်သောသစ္စာနဲ့
လျှောက်လှမ်းကြမည်
ဘ၀တစ်ခုဆီ


ပိုးတီ


April 14, 2012

ထိန်းသိမ်းပါ

တာရိုးရာ သင်္ကြန်ပွဲမှာ
သရုပ်သကန် မှန်ကန်စွာဖြင့်
ရိုးရာနွဲပျော်
မောင်တို့မယ်တို့
မြန်မာ့ယဉ်ကျေးမှု
ထုံးတမ်းစဉ်လာ
ကိုယ်တိုင် ထိန်းသိမ်းပါမှ
နိုင်ငံခြားသား ဧည့်သည်များ
မြန်မာကို အထင်မသေး
မြန်မာ့ရိုးရာ
ဒါပါလားဟေ့လို့
မြင်ကြပါမည်။
သရုပ်ပျက်စွာ
ဝတ်စားဆင်က
မြန်မာ့ယဉ်ကျေးမှုသည်
ထူးမခြားနား
ငါတို့နဲ့တူတူပဲဟု
ထင်မြင်ပါက
မြန်မာတွေ
သိက္ခာကျလိမ့်မည်။
ပိုးတီ

နွေ

ရွက်နုဖူးစ ပုရစ်ဖူးအလှ
စိမ်းညှို့ယှက်သွယ်
ပင်တိုင်းဝယ်ဆီ
မြင်ရ သူ့အလှ
ကြည်နူးလှသည်
နွေဂိမာန်ဦး
၇ွှင်ပျော်မြူးသည်
တူးပို့သံလည်း ကြားရပြီ
နှစ်ဦးဆီသို့
တန်ခူးလေ သုန်သုန်
သင်္ကြန်မိုးဦး ပက်ဖြန်းထူသည်။
ပိတောက်တွေလည်း ပွင့်ကြပြီ
ပိတောက်ပန်ခါ ပျိုမေရေပက်
ဆင်တိုင်းတင့်သည် မြန်မာ့လှဆီ
လူတကာတို့ ငေးကြပြီ
ကမ္ဘာအလယ် ပွဲလယ်တင့်စရာ
ကျက်သရေရှိစွာ
မြန်မာ့ရိုးရာ နှစ်ကူးချိန်


ပိုးရတီ

April 4, 2012

ငြိုငြင်စကား

ချစ်သူဆီက ငြိုငြင်စကား
ကြားရုံမျှနှင့် ရင်မှာဗြောင်းဆန်
မခံနိုင် ခွေလဲ
ရင့်နှင့်အမျှ
ချစ်ရပါသည်။
ချစ်သူဆီသို့
သနားတောင်းပန်
တောင်းခံအပ်သည်
မေ့ကိုသနား
့ပြစ်ခွာမသွားပါနှင့်
ခွဲခွာရလျှင်
မေဘယ်သို့နေရပါ့
မောင်လည်းထို့တူ
ခံစားရမည်
နားလည်သော်ပါသည်။
တသက်ထာဝရချစ်နေမည်


အချစ်ဆိုတာ

အချစ်ဆိုတာ ယုံကြည်မှုနဲ့ တစ်ယောက်ကိုတစ်ယောက် တည်ဆောက်ရတာပါ။ ယုံကြည်မှုမရှိရင် ချစ်ခဲ့ကြတဲ့နှစ်ယောက်မှာ သံသယတွေဝင်ပြီး နှစ်ယောက်ရဲ့ ပရိပက္ခ စဖို့အစပဲဖြစ်ပါတယ်။ နားလည်မှုရှိမှပဲ ငြိမ်းချမ်းရေးတွေဖြစ်မှာပါ။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲဝေးနေပါစေ ၊ ဂရုစိုက်မယ် ဖုန်းပြောကြမယ် ဆိုဝေးနေတယ် ထင်စရာ အကြောင်းမရှိပါ။ တစ်ယောက် မအားရင်လည်း နောက်တစ်ယောက်က နားလည်မှုရှိမှ အချစ်ကခိုင်မြဲမှာပါ။