March 30, 2014

စိတ်

စိတ်
စိတ်ဆိုတာ မရေရာတဲ့ဖြစ်စဉ်တစ်ခု
ရှေ့ဖြစ်နဲ့နောက်ဖြစ်စက္ကန့်ပိုင်းတောင် 
မတူညီတဲ့အဖြစ်။
မနေ့ကခံစားချက် ဒီနေ့ပြန်တွေးမိတော့ 
ရီစရာ ဟာသတပုဒ်လို ဖြစ်နေခဲ့။
နှောင်တွယ်တဲ့ သံယောဇဉ်ကို
ဖြတ်နိုင်ဖို့ကြိုးစားရင်း
ငါဟာမျက်ရည်တွေနဲ့ ရင်းနှီးခဲ့
မနေ့ကမျက်ရည်ဟာ ခန်းခြောက်ခဲ့ပြီး
ဒီနေ့မျက်ရည်ဟာ အသစ်တစ်ခု ဖြစ်နေခဲ့။
စိတ်အစဉ်ကို ရပ်တန့်ဖို့ကြိုးစားရင်း
တရားကိုတွေ့ခဲ့။
တွေ့နေလည်း ထိုတရားကို
မကျင့်ဖြစ်တော့ ငါ့ခန္ဓာဟာ
ဘ၀သံသရာ တလျောက်လည်နေအုံးမှာပေါ့။
ခုရီလိုက် ခုငိုလိုက်
အရူးတယောက်လို ဖြစ်နေခဲ့လည်း
ငါ့စိတ်ကတော့ တစ်ယောက်သောသူကို
တမ်းတဆဲ။
မပိုးတီ ၃၀.၃.၂၀၁၄

March 29, 2014

နွေ

            နွေ
မနက်လင်းတော့ မြူတွေကျတယ်
နေလေးမြင့်လာတော့ ပူလောင်တဲ့အပူရှိန်ရယ်
ပူလောင်တဲ့ အပူရှိန်ကိုအံတု
လယ်သမားတွေ လယ်ထဲဆင်း
ကိုင်းသမားတွေ ကိုင်းထဲဆင်း
ပန်းရံသမားတွေ အုတ်ကိုရွက်
ရုံးသမားတွေက အဲယားကွန်းအောက်မှာ
မီးခဏပျက်တာတောင် မခံနိုင်တဲ့အပူရှိန်နဲ့ရန်ဖြစ်
ယပ်တောင်တဖြတ်ဖြတ်ခပ်လို့
လျှပ်စစ်မီးကို ကျိန်ဆို
လူသားတွေ အလွှာလွှာအသီးသီး
အပူဒဏ်ကိုခံနေရ
နွေဆိုတာ ပူလောင်မှန်းသိပေမယ့်
ပူသင့်တာထက်ပူနေတာကို
ဘယ်သူ့ကို တရားခံရှာရပါ့
သစ်ပင်ခိုးခုတ်သူတွေလား
အပင်ကို အပြင်(နိုင်ငံခြား)ပို့တဲ့သူတွေလား
ဖြေရှာမရ အတွေးပတ်ချာလည်
ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့်
အိုဇုန်းလွှာ ပျက်သုဉ်း
ရေတွေကိုထုတ်ရောင်းသူတွေကြည့်ရင်း
ရေရင်းမြစ် ကုန်ခန်းမှာစိုးရ
ပိုမိုဆိုးရွားလာမယ့် ရာသီဥတုနဲ့
နောင်အနာဂတ် ကလေးများအတွက် ရင်လေးရင်း
ဘယ်သူကို တရားခံရှာရပါ့
ဘာပဲဖြစ်ဖြစ် နွေကတော့
ပူမြဲပူလျက် ပူဆဲပါကွယ်။

မပိုးတီ (၂၉.၃.၂၀၁၄)

အချစ်ဆိုတာ

အချစ်ဆိုတာ အဖြူရောင်သက်သက်ပဲ အချစ်ကို အရောင်ဆိုးလိုက်ရင် အတ္တတွေ မာနတွေပါလာရော ချစ်တယ်လို့ ပြောသူတိုင်း ကိုယ်သူကို ချစ်လိုက်တဲ့ အချစ်ဟာ အဖြူရောင် သက်သက်ကော ဟုတ်ရဲ့လားစဉ်းစားပါ ကိုယ်လိုချင်တဲ့ အရာဝတ္ထုတခုကို အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်တော့ဆွဲမထည့်သင့်ဘူး
မဟုတ်လားဟင်
ပိုးတီ
Photo: အချစ်ဆိုတာ အဖြူရောင်သက်သက်ပဲ အချစ်ကို အရောင်ဆိုးလိုက်ရင် အတ္တတွေ မာနတွေပါလာရော ချစ်တယ်လို့ ပြောသူတိုင်း ကိုယ်သူကို ချစ်လိုက်တဲ့ အချစ်ဟာ အဖြူရောင် သက်သက်ကော ဟုတ်ရဲ့လားစဉ်းစားပါ ကိုယ်လိုချင်တဲ့ အရာဝတ္ထုတခုကို အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်တော့ဆွဲမထည့်သင့်ဘူး
 မဟုတ်လားဟင်
ပိုးတီ

လက်ကျန်အချိန်

ဘ၀လက်ကျန်အချိန်တွေ သိပ်မကျန်တော့ချိန်မှာ ချစ်သူနဲ့တူတူတနယ်စီခြား လွမ်းခြင်းတွေကို စာမစီချင်တော့ဘူး အေးတူပူမျှအပေးယူမျှစွာ ထာဝရရှိနေချင်ပါတယ်ချစ်သူ

ချစ်နေရယုံလေး




ငါ့ရဲ့အသဲတွေ မွမွကျေလို့ ပျက်ကြွေပြုန်းပါစေ မင်းကိုချစ်နေရတဲ့ အသိလေးနဲ့တင် ကျေနပ်နေပါတယ်ချစ်သူ မင်းဘယ်လောက်ပဲပွေရှုပ်နေပါစေ မင်းငါ့ဆီပြန်အလာကို စောင့်မျှော်နေမယ်ချစ်သူ ငါ့ရဲ့စိတ်ရှည်ခြင်းနဲ့ မင်းရဲ့ဥပက္ခာပြုခြင်းကို စောင့်ပါ့မယ်ချစ်သူနောင်ဘ၀ထိပေါ့ကွယ်

မပိုးတီ

နားလည်နိုင်ပါစေ

ချစ်သူနှစ်ဦးမှာ မိန်းကလေးတယောက်ဖြစ်စေ ယောက်ကျားလေးကဖြစ်စေ သံသယတွေအရမ်းများ သ၀န်တိုခဲ့ရင် အဲဒိချစ်သူ ဆိုတဲဆက်နွယ်မှုက ကြာရှည်ခံမှာ မဟုတ်ပါဘူး သ၀န်တိုတာ အချစ်လို့ယူဆလို့ရပေမယ့် ချုပ်ချယ်လွန်းတာ သံသယစိတ်များတာဟာ ကိုယ့်ချစ်သူရဲ့ သိက္ခာကိုစော်ကားလွန်းရာကျပါတယ်၊ ချစ်သူတိုင်းနာလည်မှု သစ္စာရှိမှုဖြင့် သက်ဆုံးတိုင် ဘ၀လမ်းကိုလျောက်လှမ်းနိုင်ကြပါစေ
Photo: ချစ်သူနှစ်ဦးမှာ မိန်းကလေးတယောက်ဖြစ်စေ ယောက်ကျားလေးကဖြစ်စေ သံသယတွေအရမ်းများ သ၀န်တိုခဲ့ရင် အဲဒိချစ်သူ ဆိုတဲဆက်နွယ်မှုက ကြာရှည်ခံမှာ မဟုတ်ပါဘူး သ၀န်တိုတာ အချစ်လို့ယူဆလို့ရပေမယ့် ချုပ်ချယ်လွန်းတာ သံသယစိတ်များတာဟာ ကိုယ့်ချစ်သူရဲ့ သိက္ခာကိုစော်ကားလွန်းရာကျပါတယ်၊ ချစ်သူတိုင်းနာလည်မှု သစ္စာရှိမှုဖြင့် သက်ဆုံးတိုင် ဘ၀လမ်းကိုလျောက်လှမ်းနိုင်ကြပါစေ


ချစ်သူများနေ့

Photo: ချစ်သူမင်းရဲ့စိတ်ထဲမှာ ငါရှိတယ် ငါ့စိတ်ထဲမှာ မင်းရှိတယ် ငါ့တို့အတွက်ချစ်သူများနေ့က နေ့တိုင်းပဲနော် ဟုတ်တယ်ဟုတ်

ပိုးတီ

ချစ်သူမင်းရဲ့စိတ်ထဲမှာ ငါရှိတယ် ငါ့စိတ်ထဲမှာ မင်းရှိတယ် ငါ့တို့အတွက်ချစ်သူများနေ့က နေ့တိုင်းပဲနော် ဟုတ်တယ်ဟုတ်

ပိုးတီ

မင်းခြေရာ

သောင်ပြင်မှာနင်းလျောက်ရင် ကျန်ခဲ့တဲ့ခြေရာကို ရေလှိုင်းကဖျက်လိုက်တယ် ငါ့နှလုံးသားမှာ မင်းနင်းခဲ့တဲ့ခြေရာကတော့ ဘယ်တော့မှ ပျက်မည်မဟုတ်ပါ ချစ်သူ
Photo: သောင်ပြင်မှာနင်းလျောက်ရင် ကျန်ခဲ့တဲ့ခြေရာကို ရေလှိုင်းကဖျက်လိုက်တယ် ငါ့နှလုံးသားမှာ မင်းနင်းခဲ့တဲ့ခြေရာကတော့ ဘယ်တော့မှ ပျက်မည်မဟုတ်ပါ ချစ်သူ

လွမ်းနေရက်

နံက်ခင်းလေပြေနဲ့အတူ အလွမ်းတွေသယ်လာသလို ညခင်းလေပြေနဲ့လည်း အလွမ်းတွေသူပေးသွားတယ် ဝေးနေရက်ဘယ်လောက်များရှိအုံးမှာလဲကွယ်
Add caption

ဘ၀အတွက်

ငါတို့ဘဝတွေအတွက် ငါတို့ပဲဆုံးဖြတ်ရမယ်
ငါတို့အနာဂတ်လမ်း ငါတို့ပဲရွေးရမယ်
ငါတို့ဦးတည်ချက်ကို ငါတို့သာလုပ်ဆောင်ရမယ်
ငါတို့အိပ်မက်ကို ငါတို့ပဲအကောင်ထည်ဖော်ရမယ်
ခိုင်ကြည်တဲ့စိတ်ဓာတ်
မဆုတ်မနစ်ဇွဲနဲ့ ဖြစ်ရမယ်ယုံကြည်ရင်း
အကောင်ထည်ဖော်ရမယ်
မပိုးတီ ၁၈၊၂၊၂၀၁၄

လွမ်းဘူးတယ်

မင်းနဲ့ထိုင်နေကြခုံလေးမှာထိုင်းရင်း မင်းကိုလွမ်းဘူးတယ် မင်းဝယ်တိုက်ဘူးတဲ့ ကော်ဖီဘူးလေး သောက်တိုင်းမင်းကို လွမ်းတယ် မင်းနဲ့လမ်းလျောက်ဘူးတဲ့နေရာရောက်တိုင်း သတိရလို့မျက်ရည်ဝဲတယ် ငါ့ရင်ဘတ်က မင်းကိုလွမ်းတဲ့ အလွမ်းတွေပြည့်နေလို့ပေါ့ကွယ်
မပိုးတီ ၂၂.၂.၂၀၁၄