နွေ
မနက်လင်းတော့
မြူတွေကျတယ်
နေလေးမြင့်လာတော့
ပူလောင်တဲ့အပူရှိန်ရယ်
ပူလောင်တဲ့
အပူရှိန်ကိုအံတု
လယ်သမားတွေ
လယ်ထဲဆင်း
ကိုင်းသမားတွေ
ကိုင်းထဲဆင်း
ပန်းရံသမားတွေ
အုတ်ကိုရွက်
ရုံးသမားတွေက
အဲယားကွန်းအောက်မှာ
မီးခဏပျက်တာတောင်
မခံနိုင်တဲ့အပူရှိန်နဲ့ရန်ဖြစ်
ယပ်တောင်တဖြတ်ဖြတ်ခပ်လို့
လျှပ်စစ်မီးကို
ကျိန်ဆို
လူသားတွေ
အလွှာလွှာအသီးသီး
အပူဒဏ်ကိုခံနေရ
နွေဆိုတာ
ပူလောင်မှန်းသိပေမယ့်
ပူသင့်တာထက်ပူနေတာကို
ဘယ်သူ့ကို
တရားခံရှာရပါ့
သစ်ပင်ခိုးခုတ်သူတွေလား
အပင်ကို အပြင်(နိုင်ငံခြား)ပို့တဲ့သူတွေလား
ဖြေရှာမရ
အတွေးပတ်ချာလည်
ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့်
အိုဇုန်းလွှာ
ပျက်သုဉ်း
ရေတွေကိုထုတ်ရောင်းသူတွေကြည့်ရင်း
ရေရင်းမြစ်
ကုန်ခန်းမှာစိုးရ
ပိုမိုဆိုးရွားလာမယ့်
ရာသီဥတုနဲ့
နောင်အနာဂတ်
ကလေးများအတွက် ရင်လေးရင်း
ဘယ်သူကို
တရားခံရှာရပါ့
ဘာပဲဖြစ်ဖြစ်
နွေကတော့
ပူမြဲပူလျက်
ပူဆဲပါကွယ်။
မပိုးတီ
(၂၉.၃.၂၀၁၄)