July 10, 2015

သံသရာထဲ

မ​ရေရာတဲ့​နေ့စွဲ​တွေထဲ ​ရေရာဖို့အတွက်
အကြည်​ဓာတ်​ခံရဖို့ ဓမ္မနဲ့ကြိုးစားရုန်းကန်​ရင်း
ပြတင်း​ပေါက်​က ​ခေတ္တခဏလှစ်​ဟကြည့်​မိ
အနာဂတ်​​နေ့စွဲ​တွေက စိန်​​ခေါ်မှု​တွေနဲ့​စောင့်​လို့​နေခဲ့
လောကုတ္တရာမဝင်​နိုင်​​သေးမီ
ထမင်းတစ်​လုတ်​အတွက်​ ကြိုးစားရုန်းကန်​ရအုံးမယ်
လောကီသံသရာထဲတဝဲလည်​လည်​​ပေါ့။
POE

တံခါးပိတ်​ချိန်

ဒေါက်​ ​ဒေါက်
အော်​ တံခါး​ခေါက်​သံပါလား
သံမဏိလွှာထပ်​ထပ်​နဲ့
ရင်​ခွင်​တံခါး
သော့ခတ်​ထားတာကြာပြီ။
ပိုး ၂၄၊၆၊၂၀၁၅

ခပ်​​ဝေး​ဝေးမှာ ​နေခွင့်​ရချင်​တယ်​၊

ကံကြမ္မာရယ်​က
ဖန်​ဖန်​လာ ဘဝအ​ထွေ​ထွေ​ကြောင့်
ဖြစ်​လာသမျှ​အေ​ခြေအ​နေကိုညွှန်းသမို့
ဆွေး မုန်း ချစ်​ လွမ်း ဤအဖြစ်​​တွေနှင့်
ခပ်​​ဝေး​ဝေးမှာ ​နေခွင့်​ရချင်​တယ်​၊
ပိုး ၂၄၊၆၊၂၀၁၅

ဝေး​ဝေးကပဲလွမ်းပါရ​စေ

နာရီလက်​တံ​လေး​တွေက
စက္ကန့်​နဲ့အမျှတ​ရွေ့​ရွေ့
ကိုယ်​ရဲ့သတိရခြင်း​တွေက
နာရီလက်​တံ​လေးအတိုင်း
ပျော်​မြူးခဲ့တဲ့ရင်
မော်​ဖူးခဲ့တဲ့သခင်
မုန်း​မေ့ပြီလား ​မေးလိုက်​ချင်
ထမင်းရည်​ပူစည်းတားထားသမို့
ထမင်းရည်​ပူ​လောင်​မှာ စိုးသမို့
အော်​ ​ဝေး​ဝေးကပဲ လွမ်းပါရ​စေ​တော့။
POE

လောကဓံ

""​လောကဓံ""
ပင်​လယ်​တ​ကြောဝယ်
ရွက်​လွင့်​တဲ့​လှေငယ်
တက်​ကုန်​ဖွင့်​ ရွက်​ကုန်​လွှင့်
ကြံစည်​​တောင့်​တ အာသီသပြင်း
ရွက်​လွှင့်​တဲ့ချိန်​ဝယ်
မုန်​တိုင်းနဲ့လှိုင်း
ရိုက်​ခတ်​ပြန်​လဲ
လှိုင်းကြီး​လှေ​အောက်
ဤထုံးပမာညီ ကြံ့ခိုင်​စွာရပ်​တည်
ရင်​ဆိုင်​စွာရဲ့ရင့်
မုန်​တိုင်းထဲမှတဖန်​လွတ်​ပြန်​​လေပြီ
မာယာများတဲ့ပင်​လယ်
နောက်​တခါ ဘယ်​လိုလှိုင်းနဲ့​လေ
လာပါ​စေကိုယ်​မမှု
ထပ်​မံရင်​ဆိုင်​ ခွန်​အားအပြည့်
ကိုယ်​ဖြည့်​ခဲ့ပြီ။
ပိုး    30.6.2015

လယ်​သူမ

လယ်​သူမ
နွေအပြာ​တွေပွင့်​သွား
ဖြတ်​သန်းပြီးသားတိမ်​​တွေ
တစ်​အုပ်​ပြီးတစ်​အုပ်​ပြန်​​ကွေ့လာကြ
ကျွန်​​တော်​​ပွေ့ပိုက်​ခဲ့ရတယ်
နောက်​ဆုံး​တော့လည်း
ဘာမှမဟုတ်​ခဲ့ပါဘူး
ကိုယ့်​ရင်​ဘတ်​ကိုယ်​ အကြမ်းကြတ်​ဆုံး ဆွဲဖွင့်​ပြီး
နေပူကြဲ​ကြဲတွေ သွန်​ချ ပစ်​ရတာကလွဲရင်​​ပေါ့
သံ​ယောဇဉ်​ကိုမှ
ခုတ်​ထွင်​ရှင်းလင်းတတ်​တဲ့ လယ်​သူမရယ်
အခု​တောင်​လွမ်းတယ်​။
တာရာမင်း​ဝေ
Post By Poe Ti

ကိတိသစ္စာ

နှစ်​ဦးနှစ်​ဘက်​သစ္စာ​တောင်​ပျက်​ခဲ့ပြီးမှ​တော့ ထားခဲ့တဲ့ကတိဆိုတာဘယ်​လိုအပ်​​တော့မလဲ​လေ ၊တစ်​ဖက်​က ကိုယ်​စိတ်​ချမ်းသာ​အောင်​ပြုလုပ်​တဲ့ကိစ္စ​တွေမှာ မင်း​ကောင်းဖို့ပါဆိုတဲ့စကားလုံးနဲ့ သစ္စာမဲ့ခဲ့ကြတယ်​(ထားတဲ့ကတိဖျက်​ခဲ့ကြတယ်​) 
ပိုး ၃၊၇၊၂၀၁၅

မစဲမိုး

ပြိုမယ့်​မိုး
သည်းလိုက်​တာလွန်​​ရော
နှလုံးသားထဲက အလွမ်း​တွေကြဲလိုက်​တာ
အုန်းအုန်းနဲ့ရွာတဲ့မိုးလို​ပေါ့
စ​နေမိုး မစဲလိုက်​တာကြည့်​စမ်း
ငါ့အချစ်​​တွေလည်း မင်းအ​ပေါ်တစ်​စိမ့်​စိမ့်​နဲ့
ရွာလိုက်​တာ
မင်းအချစ်​​တွေလည်း မစဲတဲ့မိုးလိုမဟုတ်​ပဲ
ခဏတဖြုတ်​​တော့ရွာ​ပေးလိုက်​ပါ ​ကောင်​​လေး​ရေ၊ 
ပိုး ၄၊၇၊၂၀၁၅

သတိရခြင်း

မိုး​ကောင်းကင်​မှာ ည​နေ​ည​နေဆိုမိုး​တွေညိုလို့ ရုံးဆင်းချိန်​ဆို မိုး​တွေစိုလို့
ဟိုယခင်​ တူတူရှိစဉ်​ ​မောင်​လာကြို​နေကြအချိန်​ကို သတိရမိတယ်​​မောင်
ခု​တော့ နှစ်​​ယောက်​သားနီးဖိုအ​ရေး​မောင်​ တစ်​ပြည်​ရပ်​ခြားအလုပ်​သွားလုပ်​တာ ရာသီစက်​ဝန်း ၅ပတ်​​မြောက်​ခဲ့ပြီ​ကော ည​နေတို​င်းရုံးအပြန်​ လာကြိုမယ့်​​မောင့်​ကို​မျှော်​​နေဆဲပါ​မောင်​ မြန်​မြန်​နီးစပ်​ဖို့အ​ရေးပြန်​လာပါ​တော့လို့ ​မျှော်​​နေမယ်​​မောင်
Poe 4.7.2015

အနား၌မ​နေလိုလျှင်

အကယ်​၍များသင့်​တစ်​စုံတစ်​​ယောက်​သည်​ သင့်​ထံမှထွဲခွာလိုလျှင်​ မဆွဲထားပါနဲ့၊ သူသွားချင်​​သော​နေရာကို လွှတ်​​ပေးလို​က်​ပါ ၊သင့်​​ဘေးနား​နေပြီး သင့်​အ​ပေါ်စိတ်​ဝင်​စားမှုမရှိလျှင်​ သင်​ပင်​ပန်းယုံသာရှိမည်​​၊ လက်​မထပ်​ခင်​က သိရသည့်​အတွက်​ သင်​၏အချစ်​ပူ​လောင်​စွမ်းအင်​သည်​ တခဏသာခံစားရမည်​၊ တစ်​ဘဝအတွက်​မဟုတ်​၍ အနာဂတ်​တွင်​ သင်​သည်​စိတ်​ချမ်းသာစွာ​နေနိုင်​ပြီဖြစ်​သည်​။
Poe 

လွမ်းခြင်း ၂

ပျိုးခဲ့တဲ့အချစ်​သစ်​ပင်
စီမံကိန်း​ကြောင့်​  အမြစ်​လှန်​ရတဲ့အခါ
အလွမ်း​တွေသာကျန်​ရစ်​ခဲ့တယ်
ု
ပိုး 

လွမ်းခြင်း

အများထက်​ကိုယ့်​ကို
ဥပက္ခာပြုထားတဲ့အခါ
ကိုယ့်​အလွမ်း​တွေကို
ရှက်​ရွံ့စွာနဲ့​သော့ခတ်​ထားလိုက်​ပြီ။
ပိုး

သတိ

မွေးဖွားသည်​မှပါသည့်​ ခန္ဓာ ဗလာ
လောကဝယ်​ တတ်​ သိ​နေထိုင်​ စား ​နေ ​ရေးအတွက်
သင်​ခဲ့ကြ အတတ်​ပညာ
သင်​သည့်​အတတ်​ ဤပညာရပ်​ဖြင့်
ရုန်းကြ ကန်​ကြ ​ဒီလောကသံသရာ
သင်​သည့်​ပညာ​ဝေမျှပါမူ ကုသိုလ်​ရ၏
ထို့မှတခါ နာကြ အိုကြ မမြဲနိစ္စ
သေည့်​​နောက်​ဆုံး ပြန်​ကြခန္ဓာ
ဗလာပါပဲ 
အသက်​ရှင်​စဉ်​ သံသရာအကျိုး သယ်​ပိုးရွက်​​ဆောင်​ အိုလူသားတို့ ။

Facebook

Facebook
တစ်ခါတစ်လေ Facebook ဟာအညှာ်မိတဲ့ လူနာတစ်ယောက်ငန်းဖမ်းသလို(ငန်းဖမ်း=အနာရှိန်ကြောင့်အဖျားတက်ခြင်း)ု
တစ်ခါတစ်လေ Facebook ဟာ တိုက်ပွဲဝင်နေရာတစ်ခုလို
ုတစ်ခါတစ်လေ Facebook ဟာ စည်းလုံးခြင်းကို ရရှိစေတဲ့နေရာတစ်ခုလို
တစ်ခါတစ်လေ Facebook ဟာ ဆန္ဒပြစရာနေရာတစ်ခုလို
တစ်ခါတစ်လေ Facebook ဟာ ပရဟိတ လုပ်ဆောင်စရာနေရာတစ်ခုလို
တစ်ခါတစ်လေ Facebook ဟာ ဗဟုသုတ ဟင်းလေးအိုးကြီးလို
တစ်ခါတစ်လေ Facebook ဟာ အနုရသမြောက်တဲ့နေရာတစ်ခုလို
တစ်ခါတစ်လေ Facebook ဟာ အလွဲသုံးစား ပြုသူတို့ရဲ့ အရှက်ခွဲစရာနေရာတစ်ခုလို 
တစ်ခါတစ်လေ Facebook ဟာ Troll လုပ်တဲ့နေရာတစ်ခုလို
(မည်သူမဆို ကိုယ်ချင်းစာစိတ်ဖြင့် အကျိုးရှိစွာသုံးစွဲနိုင်ပါစေ)
မေတ္တာဖြင့်
ပိုး ၉၊၇၊၂၀၁၅