November 12, 2013

အမှန်ပြင်ရန်

အမှားရှိရင် အမှန်ပြင်ဖို့ လက်မနှေးပါနှင့် ခဲတံမှာ ခဲဖျက်ပါတယ် ဆိုပေမယ့် ထပ်ခါထပ်ခါ ဖျက်ပြီး ခဲဖျက်ကုန်လည်း အသစ်ဝယ်မယ်ဆိုတဲံစိတ်ထားရင် ဘယ်တော့မှတိုးတက်မှာ မဟုတ်ဘူး(မိမိကိုယ်မိမိဆုံးမခြင်း)
မပိုးတီ 12-11-13

November 3, 2013

အတ္တကြီးတယ်



ကျွန်မတကယ်တော့ အတ္တကြီးတယ်၊စိတ်ထားပုတ်တယ်၊ သဘောမကောင်းဘူး၊ ငယ်ငယ်တည်းက အကြီးပေမယ့် အငယ်ကိုဦးစားပေးရတယ်၊ ကိုယ့်ကို ဦးစားပေးစေချင်ပေမယ့်လည်း ကိုယ်ကပဲ အလျော့ပေးရတယ်၊ ငယ်ငယ်က ဘယ်လောက်ဆိုးလဲဆို  ကျွန်မစာဖတ်ဝါသနာပါတော့ နှစ်တန်းလောက်တည်းက မေမေက ရွှေသွေးရယ်၊ တေဇရယ် တပတ်တခါ ၀ယ်ပေးတယ်၊ နောက် ၄တန်းလောက်ကျတော့ မိုးသောက်ပန်းကိုပါဝယ်ပေးရော၊ ကျွန်မကလည်းစာဖတ်ရရင် ထမင်းမေ့ ဟင်းမေ့ အဲလောက်စာကြိုက်တယ်၊ ၀ယ်ပေးတဲ့စာအုပ်တွေကို ကျွန်မအရင်ဘယ်သူမှ မဖတ်ရဘူး ဖတ်ရင်ကျွန်မသောင်းကျန်းလို့မဆုံးဘူး၊ သူများဖတ်ရင် ကျွန်မနောက်မှဖတ်ပေါ့လေ၊ ကြီးလာတော့လည်း သူငယ်ချင်း ၃ယောက်ရှိတယ်ဆိုပါစို့ ကျွန်မကသာ သူများကိုပိုခင်ချင်ခင်မယ် ကျွန်မအချစ်ဆုံးသူငယ်ချင်းက တခြားသူကို ပိုခင်ရင်မကြိုက်ဘူး၊ ညနေပိုင်း ဒီပလိုမာတခုတက်တုန်းကပေါ့ သူငယ်ချင်းညီမလေးက သူ့ချစ်သူလာကြိုတာကိုတောင် ကျွန်မမကြိုက်မှာစိုးလို့ သွားပြီးမထိုင်ရဲဘူ၊ ကျွန်မအဲလောက် အတ္တကြီးပြီးစိတ်ပုတ်တာလေ၊ အဲဒါကျွန်မစိတ်ပုတ်တဲ့အကြောင်းတွေပေါ့၊

မပိုးတီ ၃-၁၁-၁၃

November 2, 2013

ဖုန်းဆက်မယ့်နေ့ကိုမျှော်နေမယ်

ဖုန်းဆက်မယ့်နေ့ကိုမျှော်နေမယ်

တခါတလေတော့လည်း ဟိုအရင်က ပျော်ခဲ့တာတွေကို သတိရတယ်မောင် အဲဒီအချိန်က အလုပ်မရှိသေးပဲ နည်းနည်းအဆင်မပြေချိန် ကျွန်မကလည်း အလုပ်တွေသိပ်မရှုပ်ခင်ပေါ့၊ မောင်မှတ်မိသေးလား ညနေဆို ကျွန်မကိုမောင်အမြဲလာကြိုတယ်လေ မောင်ကျွန်မကို အရမ်းချစ်တာ ကျွန်မသိတာပေါ့၊ ညနေတိုင်းတူတူ ကော်ဖီဆိုင်ထိုင်ခဲ့ကြတယ်၊ ကော်ဖိသောက်ရင်း နိုင်ငံရေးအကြောင်း ၊ လူမှုရေးအကြောင်းသူငယ်ချင်းတွေအကြောင်းပြောခဲ့ ရယ်ပွဲဖွဲ့ခဲ့ကြတယ်လေ။ ဗဟုသုတရစရာတွေလည်း ပြောခဲ့ကြတယ်၊ မောင်သဘောင်္လိုက်ပြီးတော့ အဲတုန်းက ဓာတုပစ္စည်းတွေတင်တဲ့ သဘောင်္ကိုမောင်စီးခဲ့ရတော့ အသက်ရှုထိခိုက်ပြီး မောင်အဆုတ်ရောင်ရောဂါတောင်ရလို့တော်တော်လေးကို ပြန်ကုစားခဲ့ရတယ်လိုမောင် ပြောပြခဲ့ဘူးတယ်နော်။ တလတခါတော့ ကျွန်မတို့ ရွှေတိဂုံဘုရားကို တူတူတက်ခဲ့တယ်၊ မောင် အိမ်ကခိုင်းတဲံအလုပ်တွေကို သွားလုပ်ရင်လည်း ကျွန်မက မခွဲတတွဲတွဲ တူတူလိုက်ခဲ့ကြဖူးတယ်။ လှည်းတန်းတ၀ိုက်က ကျွန်မတို့ခြေရာချည်းပဲပေါ့လေ၊ ခုလိုမောင်နဲ့ဝေးကွာနေတုန်းတော့ လှည်းတန်းဆိုတာ နီးရက်နဲ့ဝေးဆိုသလိုဖြစ်နေပြီပေါ့လေ၊ မောင်အလုပ်ဝင်ချိန်ကစလို့ မောင်နဲ့ကျွန်မ တဖြည်းဖြည်းဝေးသွားခဲ့တယ်။ မောင်က ကျွန်မချစ်သူလား မိတ်ဆွေလား ဆိုတာတောင် မသဲကွဲတော့ဘူး၊ တကယ်တော့ မောင်ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် မောင်နဲ့ ကျွန်မ အဲလောက်မဝေးကွာသင့်ဘူးမလားမောင်။ မောင်မျက်နှာတောင်မမြင်ရတာတော်တော်ကြာပြီနော်၊ မောင်နဲ့ကျွန်မနောက်ဆုံးတွေ့ခဲ့တာက မောင်လက်မှာအရိုးအတက်ထွက်လို့သွားပြတုန်းက တကြိမ်ကနောက်ဆုံးပဲနော်၊ အချိန်အားဖြင့် ၅လကျော်ပြီပေါ့လေ၊ ကြားထဲမှာမောင်၇ဲ့ဖုန်းခေါ်သံကြိုကြားကလွဲရင် ဖုန်းတောင်မပြောဖြစ်တာကြာပြီနော်၊ သတိရလားလို့မေးချိန်တောင် မရှိအောင်ပဲ မအားကြဘူးနော်၊ ညနေ မောင်ကော ကျွန်မကော အားချိန်ကြတော့ မောင်က ဆိုင်တစ်ခုခုဆီကိုရောက်နေပြီနော်၊ ကျွန်မအဲလိုရောက်နေတာကို နားလည်တတ်ပါတယ်မောင်၊ ခေတ်ခြေနေအရရယ် ပြီးတော့ အလုပ်ကိစ္စတွေရယ်ကြောင့် သွားရမှန်းလည်း နားလည်ပေးထားပါတယ်မောင်၊ ဒါပေမယ့် အဲလို ဆိုင်ရောက်နေချိန်တရက်တော့ ကျွန်မဆီကိုလာစေချင်တာပေါ့နော်၊ ဘာလို့လဲဆိုတော့ ချစ်သူသဘာဝ ကိုယ့်ချစ်သူကိုတွေ့ချင်တာပေါ့၊ ကျွန်မက အရွဲ့တိုက်တတ်တယ်မောင်၊ မောင်ဖုန်းမဆက်တာထက်၊ ကျွန်မက သတိရခြင်းကို ထိန်းချုပ်ပြီး မောင့်ဆီကိုနှိပ်မယ့် ဖုန်းခလုတ်ဆီရောက်မယ့် လက်တွေကိုထိန်းချုပ်ထားတယ်မောင်။ မောင်ဖုန်းဆက်ရင်လည်း ကျွန်မကောင်းကောင်းပြန်မပြောဘူး၊ ကျွန်မအဲလိုပြန်လုပ်တာဟာ အညှိုးကြီးတယ် ဆိုချင်ဆိုလို့ရပါတယ်။ ကျွန်မက ဥပက္ခာပြုခံခဲ့ရသူကိုး၊ တကယ်တော့ မောင့်ဆီကဖုန်းလာရင် အရမ်းကိုပြောချင်သူ တွေ့ချင်သူပါရှင်၊ ဒါပေမယ့် ကျွန်မမာနက မောင်နဲ့တွေ့ဖို့ခွင့်မပြုသေးပါဘူးမောင်၊ တနေ့တော့ မောင်နဲ့တူတူ ပြန်ပြီး လျောက်လည်မယ့်နေ့ကိုတော့ ရောက်လာအုံးမယ်လို့ထင်နေဆဲပါမောင်၊ ဟုတ်တယ်မဟုတ်လားဟင် မောင်ဖုန်းဆက်တာ အလည်လိုက်ပို့မလို့မဟုတ်လား၊ မျှော်နေတယ်မောင်၊ နောက်တခါဖုန်းဆက်ရင်တော့ ဖုန်းကိုင်ပြီး လျောက်လည်ဖို့ မောင့်ကိုပူဆာမယ်လို့ စိတ်ကိုဆုံးဖြတ်ထားတယ် ၊ ဖုန်းဆက်မယ့်နေ့ကိုမျှော်နေမယ်မောင်၊

မပိုးတီ ၂၊ ၁၁၊ ၂၀၁၃ ၂၃း၄၆

October 17, 2013

ဘယ်ရွာ ဆိပ်ကမ်း(ဆရာဇော်ဂျီ) ဗေဒါလမ်းမှ

ချောင်းပြင်မှာ စီတန်းလို့
ဗေဒါပန်း ရေကြင်ဆွေ၊ မျောလို့သာနေ။
ကမ်းကွေ့မှာခွေ၊ ကမ်းပြေတော့စင်း။
သည်ချောင်းရေ လေမခတ်တယ်
စီးတတ်လေခြင်း။
ကျူရိုးရှင် ပီပီမှုတ်လို့
ဘုတ်မကိုသူကပြိုင်၊ ချောင်းစပ်မှာထိုင်။
ဘုတ်မကတိုင်၊ ကျူကိုင်ကအေး။
ရေစီးနဲ့လာ ၊ရေစာပြန်လို့မြန်းတဲ့
မဗေဒါ စုန်ဆန်ပန်းကို လွမ်းတယ်တဲ့လေး။
စုန်ပါတဲ့ဆန်ပါ။
ကျူရိုးရှင် ပီပီလေးနဲ့၊တေးချိုလို့သာ ။
ဘယ်မြို့လာ ဘယ်ရွာဆိပ်ကမ်း။
အပွင့်အပြာရောင်နဲ့
ဘယ်သောင်မှာ နေချိုအေးလျှင်။
မှေးအိပ်မယ်မှန်း။ ။
မပိုးတီ(၁၇-၁၀-၁၃)

October 15, 2013

မပြောချင်လည်းပြောရအုံးမယ်

ဘာကြောင့်များ အဖျက်အမှောင့်လုပ်ရပ်တွေကို လုပ်နေကြတာလည်းဆိုတာ စဉ်းစားလို့မရပါဘူး ခုမှမှောင်ထဲကနေရောင်ခြည်သန်းကာစရှိသေး ဘာတွေကိုမကျေနပ်ဖြစ်နေကြတာလည်းဆိုတာ စဉ်းစားလို့မရဘူးရယ် တကယ်တော့ မှောင်ထဲကလင်းကာစ ချိန်မှာ မည်သူမဆို အချိန်တိုတိုနဲ့ အရိုးစွဲနေတဲ့ အကျင့်တွေကို ပြောင်းလဲနေတဲ့အချိန်မှာ ပြောင်းလဲမှုကထင်သာမြင်သာ ဖြစ်အုံးမှာ မဟုတ်ပါဘူး မည်သည့်သူတက်တက် ပိတ်နေထဲနေရာကနေထိုးထွက်ဖို့ဆိုတာ အချိန်ယူရအုံးမှာပါ။ ခုပြောင်းလဲသင့်သလောက် ပြောင်းလဲနေတာ နိုင်ငံတကာကနေလည်း လက်ခံလိုကွှကူညိတွေပေးနေကြပါတယ်။ အဲလိုခု အာဆီယံဥက္ကဌဖြစ်ချိန် Sea Game ပွဲနီးချိန်မှာမှ ဘာလို့လုပ်ကြတာလဲ။ ထိတော့ပြည်သူတွေ တက်တော့ကုန်ဈေးနှုန်း လွှင့်ကြတဲ့ ကောလဟလ။ အားလုံးရဲ့ဓားစားခံက ပြည်သူများ။ တကယ်လုပ်မယ်ဆိုလည်း ထိထိရောက်ရောက်လုပ်ကြပါ မြေဇာပင်တွေကိုဆွဲမထည့်ကြပါနဲ့။ လူမျိုးရေးနဲ့ပက်သက်ပြီးတော့လည်း မကျေနပ်ချက်တွေအဖြစ် အိုးအိမ်ကိုမီးရှို့ကြ ဖျက်ဆီးကြ အားလုံးဘယ်သူအိုးအိမ်ပျက်စီးစီး ပျက်စီးသွားတဲ့အရာတွေက ပြန်မရတော့ပါဘူး။ အဲနေရာတွေကို ကယ်ဆယ်ရေးစခန်းတွေဖွင့် ပြန်လည်ထူထောင်ရေးတွေလုပ်။ တိုးတက်ပြောင်းလဲဖို့သုံးတဲ့နေတဲ့ ပိုက်ဆံတွေက ပြန်လည်ထူထောင်ရေးထဲဝင် အဲတော့တိုးတက်ဖို့အစား ဆုတ်ယုတ်ဖို့သာရှိတော့တယ်။ အလှုရှင်တွေရဲ့ ပိုက်ဆံတွေ အလှုငွေတွေကလည်း ပြန်လည်ကယ်တင်နေရတာနဲ့ တိုင်းပြည်မှာ မိဘမဲ့ငတ်နေကြတဲ့ ကလေးတွေကို ကယ်တင်ထားတဲ့နေရာတွေမှာ ပြန်လှုရရင်ကောမကောင်းဘူးလား၊ ရှေ့တိုးဖို့မရှိပဲနောက်ပြန်ဆုတ်နေတဲ့ရလာဘ်ကဘာလဲ။ အားလု့းပြန်စဉ်းစားကြည့်ဖို့လိုမယ်ထင်ပါတယ်။

မပိုးတီ(15-10-2013)

October 11, 2013

လျောက်လှမ်းခြင်း

ဖုန်ထူနေပူမဟုတ်ပေမယ့် လေမတိုက်သောလမ်း လျောက်လှမ်းခဲ့သည်

မပိုးတီ

စောင့်နေသူ

မပီဝိုးတ၀ါးညတွေမှာ
သူပေါ်လာနိုး စောင့်စားမိသူ
မမြင်မကြင်လို့တော့ မမှတ်ပါဘု
ဖိုတို့သဘာဝ
ဘယ်ကိုများရောက်နေမလဲ
တွေးတောစိတ်ထင်
ဖုန်းတွေကို နှိပ်ချင်သားနဲ့
ငါ့လက်ကိုထိန်းချုပ်ထားတယ်
စိတ်ချင်းဆက်တယ်ဆိုတာ
တရက်တာပဲလား
ပြန်တွေးမိတိုင်း
မှိုင်ငေးမိတယ်
မင်းဆီကအသံကြားဖို့အရေး
ညောင်ရေအိုးလည်ပင်းရှည်
မောင်စိမ်းကားရဲ့
ရေယဉ်ကြောမှာ မျောကာနေရ။

မပိုးတီ (8 ,10,13)

အလွမ်းရင့်ရင့်

အလွမ်းရင့်ရင့် ကမ်းလင့်သော်လည်း
လွမ်းပန်းရယ်ကပြန်မဝေ
ဘယ်သို့ပင်ဆိုစေ
ကိုယ်ကတော့ တဖက်သတ်
လွမ်းပင်ပျိုးလို့ လွမ်းမိုးရွာကာ
အလွမ်းတွေပဲ ကျဲပက်ဦးမည်
ကိုယ့်အလွမ်းတွေ သူသိပါစေ
လွမ်းရသူရေ

မပိုးတီ 10-10-13

စွန်လေး

တခါတလေစွန်လေးဖြစ်ချင်တယ် ဒါပေမယ့် ပိုးဆိုတဲ့စွန်ကိုထိန်းဖို့ကြိုးတချောင်းရယ် ရစ်ဘိန်းကိုင်သူရယ် လိုတယ်

မပိုးတီ 11-10-13

ရှိချင်တယ်

မြူနှင်းမှုန်တွေကျတဲ့ ညနေခင်းမှာ ကန်ဘောင်မှာ ထိုင်ငေးရင်း တယောက်လက်ကို တယောက်တွဲရှိချင်တယ် — feeling hopeful.

မပိုးတီ 11-10-13

မျှော်တလင့်လင့်


မျှော်တလင့်လင့် ရင်ဝယ်ဖြစ်တည်
သူကိုမျှော်ရင်း လွမ်းရသည်။
ပိုးတီ 11-10-13

October 7, 2013

မိမိကိုယ်သာပိုချစ်ရာ

တကယ်တမ်း လူတယောက်ကို သံယောဇဉ်ဆိုတာ စရှိလာတာနဲ့ စထားမိသူက ပူလောင်ရပြီ အဲဒီသဲယောဇဉ်မီးကနေ အချစ် အမုန်းတွေ စတည်ပြီးဖြစ်လာရပြီ။ စဉ်းစားကြည့်မိတယ် လူနှစ်ယောက်ချစ်ကြတာဟာ မြင်မြင်ချင်းကစရင်စမယ်။  ခင်မင်ရင်းချစ်ရင်ချစ်ကြမယ်။ အွန်လိုင်းပေါ်ကချစ်ရင်ချစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ်ချစ်တုန်းကချစ်ကြပြီးမှ နောက်ကြရင်မုန်းသွားကြတာဟာ မကြည့်ချင်အောင်ဖြစ်သွားကြတဲ့ဖြစ်စဉ်တွေ အကုန်စဉ်းစားကြည့်ရင် ကိလေသာမီးကြောင့်ပေါ့လေ။ တွယ်တာ တပ်မက်ခြင်းကပဲစတာ။ တကယ်တမ်းစဉ်းစားကြည့် လူတွေသူများကိုချစ်တာထက် ကိုယ့်ဘာကိုယ်ပိုချစ်ကြတာ မများဘူးလားဟင်။ အိမ်ထောင်ပြုလည်း မိန်းကလေးက အားကိုးချင်လို့ အဖော်အဖြစ် စိတ်ထားတယ်။ ယောက်ကျားလေးကလည်း သူတို့လိုအပ်ချက်တွေဖြည့်ဆည်းဖို့ အိမ်ထောင်ပြုကြတာ။ ဒါကိုဆန်းစစ်ကြည့်ရင် မိမိကိုယ်ကိုသာ  ပိုချစ်ရာဆို လက်ခံကြမှာပါပဲနော်။
မပိုးတီ

October 5, 2013

တတိုင်းမွှေး

တတိုင်းမွှေပန်းကိုမြင်တိုင်း
မင်းကိုသတိရတယ်
တမ်းတမ်းတတ တမ်းတနေလို့ပေါ့
မေ့အချစ်က မင်းကိုသာ
တမ်းတနေတဲ့ ပုံပြင်လေးတပုဒ်ပါချစ်သူ
မပိုးတီ(၅၊၁၀၊၂၀၁၃)

ချစ်သူသိစေ သခင်ဖြေဖို့

ချစ်သူသိစေ သခင်ဖြေဖို့
 
မဝေခင်က ကြွေနှင့်သည်
မနွမ်းခင်က လွမ်းနှင့်သည်
ချစ်သူသိစေ
သခင်ဖြေဖို့
မေ့အချစ်တွေပေးထားသည်။

မပိုးတီ (၅၊ ၁၀ ၊၁၃)
ချစ်သူသိစေ သခင်ဖြေဖို့
 
မဝေခင်က ကြွေနှင့်သည်
မနွမ်းခင်က လွမ်းနှင့်သည်
ချစ်သူသိစေ
သခင်ဖြေဖို့
မေ့အချစ်တွေပေးထားသည်။

မပိုးတီ (၅၊ ၁၀ ၊၁၃)

October 4, 2013

မဟောင်းသောအချစ်

ခရေကနွမ်းသော်လည်း မွှေးနေဆဲ
ငါ့အချစ်က ကြာသော်လည်း
မင်းကိုထာဝရ လွမ်းနေဆဲ
ပြောင်းမသွားသော မဟောင်းသောအချစ်နဲ့
မင်းကိုချစ်နေမယ်

မပိုးတီ(၄.၁၀.၂၀၁၃)

စိတ်အပိုင်းအစများ(၁)

ငယ်ဘ၀လေးတွေကို သတိရချိန်မှာ ပြန်လည်ပြီးတော့ နုပျိုအသက်ဝင်ခဲ့တယ်။
အတိတ်ဆိုတာက ပျော်စရာတွေရှိသလို ၀မ်းနည်းစရာတွေလည်း ရှိခဲ့တယ်။
ပျော်စရာတွေပြန်တွေးမိချိန် ကြည်နူးတာတွေ ရှိပေမယ့်။
ဘ၀ရဲ့ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေက ပြန်တွေးမိချိန်မှာ အဲဒါတွေကို
ကျော်ဖြတ်နိုင်လာတဲ့အခါ ခုချိန်စဉ်းစားမိတာက သြော် ငါ့ဘ၀မှာ
ဒီလိုလေးတွေဖြစ်ခဲ့ပါလားလို့ ပြန်ဆင်ခြင်မိတယ်။ ဘယ်လိုကျော်ဖြတ်ခဲ့ရတယ်
ဆိုတဲ့အတွေ့ကြုံကိုလည်းရခဲ့တယ်။ အဲဒီအတွေ့အကြုံတွေကို ကျွန်မက နီးစပ်ရာ
ခင်မင်သူတွေ သူတို့အခက်ခဲတွေတိုင်ပင်တဲ့အခါ ပြန်လည်ဝေမျှခဲ့တယ်။
အကြံဥာဏ်ပေးခဲ့တယ်။ များသောအားဖြင့်တော့ ကလေးတွေအတွက်က
ကောင်းသောအကြံဥာဏ်တွေလည်း ဖြစ်တတ်ပါတယ်။ ဒါက ကိုယ်တိုင်ကြုံခဲံရတာကိုး။
စကားပြောရင်း ခင်မင်တဲ့ညီမလေးတွေကို ပြောပြတယ်။ အမတုန်းက ဘယ်လိုမို့
ဘယ်လိုဖြစ်ခဲ့တာ အဲလိုမလုပ်နဲ့ နောင်တချိန်ဘယ်လိုဖြစ်တတ်တယ်ပေါ့။
ဒါပေမယ့် လူဆိုတာ ကိုယ်မှန်တယ်ထင်တာ လုပ်တာမျိုးလေး
ပြောတိုင်းဘယ်လုပ်ပါ့မလဲ။ ကိုယ်ကိုတိုင်တောင် ဒါလုပ်ရမယ်ဆိုတာ သိပေမယ့်
ကိုယ်လုပ်ချင်တာလေးကိုတော့ ကိုယ်လုပ်လိုက်တာပဲလေ။ သူများကတော့
ဘယ်အမြဲနားထောင်နိုင်ပါ့မလဲ။ တချိန်သူတို့ကိုယ်တိုင်ကို
သတိပေးထားတဲ့အတိုင်း ဖြစ်လာတော့မှသာ အမရေ ဒီလိုတော့ဖြစ်နေပါပြီပြောရင်
ကိုယ်ကလည်း လူကြီးပီပီ သတိပေးခဲ့တယ်။ နောင်ဒီလိုမလုပ်နဲ့ပေါ့။
ပြောပြဆုံးမပေးပါတယ်။
ခုရေးတာတွေကတော့ပေါ်လာတဲ့ စိတ်အပိုင်းအစလေးတစ်ခုပါ

မပိုးတီ(၄ အောက်တိုဘာ ၂၀၁၃ခုနှစ်)

October 2, 2013

Thanks


ီ့ီ့ိ့ပိုးကိုကူညီပေးကြသောလူများကိုကျေးဇူးတင်ပါသည်။

ပိုးတီ

June 8, 2013

တစ်ခါတလေတစ်ခါတလေ

တစ်ခါတလေ စာတွေရေးချင်မိတယ်။မရေးနိုင်ဘူး၊ တခါတလေ ရင်ထဲကခံစားတာတွေ စာဖွဲ့ချင်တယ် ရေးဖို့ဆီမရောက်ဘူး၊ အားမွေးအုံးမှ။



မပိုးတီ