March 30, 2012


တကယ်ပဲလည်း နင်မချစ်ပဲနဲ့ ခံစားချက်တွေမပေးပါနဲ့ တဲ့ တစ်ခါတစ်လေတော့လည်း အချစ်ရဲ့ လှည့်စားမှုတွေကြားမှာ တကယ်ချစ်ရသူက ကျန်ရစ်ဖြစ်ခဲ့ရတာပဲလေ အချစ်ဆိုတဲ့စကားလေး တစ်လုံးကိုသုံးနှုန်းပြီးတော့ လိမ်ညာစကားတွေကိုလည်း ယုံမိတတ်တယ်။ မိန်းကလေးတစ်ယောက် ဖြစ်ခြင်းမှာ စည်းတွေဘောင်တွေရှိတယ် ချစ်သူရဲဂရုစိုက်မှုကိုခံချင်တာကကော မိန်းကလေးတစ်ယောက်အပြစ်လား ချစ်သူဘာလုပ်လုပ်သိချင်တာရော မိန်းကလေးတစ်ယောက်အပြစ်လား။ မသိတော့ပါဘူး ကတိတလုံးကို တန်ဖိုးထားသူတစ်ယောက်အတွက် ပြီးပြီးရော ပြောလိုက်တဲ့စကားလေးက တစ်ဖက်သူအတွက် ဘယ်လောက်နစ်နာသွားမယ် ဆိုတာကိုကော ထည့်တွက်မိရဲ့လားဟင်။ ချစ်သူကတော့ အူချေးခါးမကျန် ကိုယ့်အကြောင်းတွေ အကုန်အစင်ပြောလို့ သူကတော့ လုပ်ပြီးမှသိရတယ်။ ချစ်သူဘ၀မှာ တစ်ယောက်ပိုင်ဆိုင်တာကို နောက်တစ်ယောက်မပိုင်သေးပေမယ့် နောင်တစ်ချိန် ဘ၀တစ်ခုကိုနှစ်ယောက်လက်တွဲရမယ့် သူတွက်ကတော့ တစ်ယောက်နဲ့တစ်ယောက် တိုင်တိုင်ပင်ပင် လုပ်ပေးဖို့လိုအပ်တယ်လေ။ တိုင်ပင်ခြင်းဆိုတာကတော့ ချစ်သူနှစ်ယောက်အတွက်လိုအပ်ချက်ပါပဲ။

March 29, 2012

သမီးလေး(၂)


ကျောင်းတော်ကြီးလည်း ပိတ်ပြီ ဥသြလေးတွေလည်း တေးဆိုနေပြီ ကံ့ကော်ပန်းတွေလည်း မွှေးနေကြသည်။ ကျောင်းတော်ကြီးကိုလွမ်းပါသည်။တူမလေးနဲ့လည်း တီတီတာတာပြောနိုင်ပြီ ၊ သမီလေးရဲ့ ရယ်သံလေးတေ ကြားရင်လေ ခစ်ခစ်ခစ်နဲ့ အရမ်းကိုချစ်ဖို့ကောင်းတဲ့ သမီးလေးပါဘယ်လောက်ပဲ ၈ျီကျကျ သူကအိပ်ရေးပျက်အောင် ဘယ်လိုပဲလုပ်လုပ် စိတ်တော့ မဆိုးနိုင်ပါဘူးရှင်။ သမီးလေး တစ်နေ့အဝေးကို သူမိဘများနဲ့အတူ ဝေးကိုသွားမယ့်နေ့ကိုတော့ ပိုပြီးစိုးရိမ်နေမိပါတယ်၊ သမီးလေးက ခုဆိုမှောက်တတ်နေပြီ လေးလထဲမှာပေါ့၊ သမီးလေးက ခဏလောက်ဝေးနေတဲ့ တီတီကို အရမ်းကိုကပ်တာပါပဲ စာကျက်နေချိန်မှာတောင် သမီးအသံကြားရင် အပြေးလေးကို ချီချင်နေမိတယ်လေ။ သမီးလေးအရမ်းတော်ဖို့ ထက်မြက်ဖို့ကို ဘာတွေဘယ်လိုလုပ်ပေးနိုင်မလဲ ဆိုတာစိတ်ကူးနဲ့ကြိုပြီးပုံဖော်ရအုံးမယ်လေ။ သမီးလုပ်ချင်တဲ့ အလုပ်တစ်ခုကိုဖြစ်အောင် လုပ်တတ်ဖို့ရယ်။ ပြီးတော့ရည်မှန်းချက်ထားပြီးရင် အဲဒီကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်အောင်သွားဖို့ သမီးလေးကိုပြောရအုံးမယ်လေ။ ကြီးလာရင် အဒေါ်ထက် အမေထက် အဖေထက် ပိုမိုထူးချွန်ထက်မြက်ဖို့ သမီးလေးကိုပြောပြရအုံးမယ်လေ။ သမီးလေးကို ခဏခဏနို့တွေ အန်ချတယ်လေ အကျီလည်းလဲပေးရတာ ခဏခဏပါပဲ။ သူ့အဘွားကတော့ ငိုသံတောင်မကြားစေရအောင် ထိန်းတတ်တယ်လေ။ သမီးလေး၇ဲကလှုပ်ရှားဟန်ကိုကြည့်ပြီး သူဘာလုပ်ချင်လဲဆိုတာလည်း အမြဲစောင့်ကြည့်လုပ်ပေးနေရတယ်လေ။ ကလေးကို ဘွားဘွားကမျက်နှာ အညိုမခံပါဘူး၊ နိုင်ငံခြားမှ ခဏပြန်ရောက်လာတဲ့ အမျိုးတွေလာတုန်းက သမီးလေးကိုတွေ့ချင်တယ်ဆိုပြီး သွားကြတယ်လေ အလှုကိုပေါ့၊ သမီးလေးကတော့ မငိုဘူးလေသူ့ဒေါ်ဒေါ်တွေ ညီမတွေလက်ကို လိုက်တယ်လေ သိလား။ မျက်နှာမရွေး လူခေါ်တိုင်း လိုက်တာကတော့ သမီးလေး အားသာချက်ပါပဲလေ။သမီးလေးအကြောင်းကို နောက်တော့မှ ဆက်ရေးတော့မယ်နော်။

ပိုးရတီ
29-3-2012 3:39 PM

March 11, 2012

စိတ်ခြင်းညီ



လူတိုင်းလူတိုင်းမှာ မတူညီသောလက်ရှိသလို နေရာတိုင်းနေရာတိုင်းမှာ စည်းလုံးညီညွတ်ခြင်းရှိဖို့လိုပါတယ်၊ စည်းလုံးမှုမရှိရင်တော့ ဘယ်သို့သောအရာကိုမျှ ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်မယ်မထင်ပါ၊ ကိုယ်သွားချင်သော နေရာတစ်ခုကို ရောက်ရန်အတွက် သည်းခံခြင်း စိတ်ရှည်ခြင်းနှင့် ဇွဲ လုံ့လ ၀ရိယရှိမှသာ အရာရာကိုလုပ်ဆောင်နိုင်ပါမယ် လမ်းခုလတ်တွင်ရှိသော မကျေနပ်ခြင်းများကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခြင်းဖြင့် အောင်မြင်မှုကို ရအောင်ယူနိုင်ပါမယ်၊ ဒီနေ့တွင် နေရာတစ်ခုကို ရပ်တည်နိုင်ခြင်းမှာလည်း အရင်အချိန်များမှ ရင်းနှီးခဲ့ရသော အချိန်များနှင့် အတွေ့အကြုံများကြောင့် နေရာတစ်ခုသို့ ရောက်ရှိနေခြင်းဖြစ်ပါသည်၊ထို့ကြောင့် အောင်မြင်မှုကို ကြာရှည်ရပ်တည်နိုင်ရန်မှာ ကြိုးစားခြင်းတစ်ခုတည်းဖြင့်သာ မကပဲနာယကဂုဏ်မြောက်အောင် လုပ်ဆောင်ရန်လိုအပ်ပါသည်၊ ကလေးဆန်သော အတွေးများဖြင့်သာနေပါက လူသည်မည်မျှပင်အသက်ကြီးစေကာမူ လူကြီးအဆင့်တွင်မရှိတော့ပဲ လူငယ်အဆင့်ဖြင့်သာ စိတ်ဓာတ်တစ်ခုတည်ရှိနေပါမည်၊ ဖတ်ဖူးသောစာအုပ်တစ်အုပ်ထဲတွင် လူကြိးလုပ်လိုပါက လက်အောက်ငယ်သားများပြောသော အများဝေဖန်သော စကားများကိုလစ်လျူရှုရမည် ဟုပါ၇ှိပါသည်၊ ကိုယ်တိုင်လည်း တတ်နိုင်သလောက် လိုက်နာကျင့်သုံးနေပါသည်။ 




ပိုးရတီ

March 10, 2012

Plant Trip on 9,3 2012

ဒီနေ့တော့ ပိုးမနေ့က သွားခဲ့တဲ့နေရာ ဒေသအကြောင်းလေးကို ရေးပါ့မယ်ရှင်၊ မနေ့ကတော့ ကျွန်မတို့ကျောင်းက လေ့လာရေးခေါ် Plant Trip အနေနဲ့ ပန်းလိုင်ဆေးရုံးနဲ့ Alpine ရေသန့်စက်ရုံကိုသွားခဲ့တာကိုပြောပါ့မယ်၊ ကျွန်မတို့ ကျောင်းကနေမနက် ၈ ၃၀ မှာစထွက်ကြတယ်၊ အရင်ဆုံးပန်းလှိုင်ဆေးရုံကိုသွားကြတယ် ၊ဆရာဦးထွန်းအောင် ဆရာမဒေါ်တင်တင်အေး၊ ဆရာမဒေါ်ဝန်နီတို့ လိုက်လာကြတယ်၊ ကားနှစ်စီးနဲ့ပေါ့ DMA 56th ,DMA 57th MBA, EMBA ကလူတွေလည်းပါတယ်လေ၊ ဆေးရုံရောက်တော့ လေ့လာရေးမစခင် ADMIN MANAGER က လိုက်ပြပေးမယ့်သူတွေနဲ့ မိတ်ဆက်ပေးတယ်လေ၊ ပြိးတော့ဆေးရုံကစပြီးတည်ထောင်ချိန် Lancape ရွေးချိန်ကစလို့ဆောက်ချိန်ထိ နောက်ပြီးဆောက်ပြီးချိန်မှစ၍ ဘယ်သူတွေကို consultant အနေနဲ့ထားတယ် ဘယ်သူရေးဆွဲပေးတာကအစ စနစ်တကျနဲ့ရှင်းပြတယ် အဆောက်အဦးကိုမြင်နေရတဲ့ မြင်ကွင်းရယ်၊ နောက်ဘက် ဘေးဘက်ကမြင်နေရတဲ့ Site အပါအ၀င် ၀န်ထမ်းဖွဲ့စည်းပုံ၊အဆင့်ဆင့်မှစ၍ ၀န်ထမ်းများလုပ်ငန်းတာဝန် ၊မီးဘေးလုံခြုံရေးစနစ်၊ အဲကွန်းစနစ်အပါအ၀င် မီးစက်များထားရှိမှု ၀န်ထမ်းများအားလေ့ကျင့်ထားရှိမှု ယင်းဆေးရုံ၏ Mission ကစလို့ အကုန်ရှင်းပြတယ် နားမလည် သည်များကိုလည်း တစ်ခုချင်းရှင်းပြပါတယ်၊နောက်တော့ အအေးနဲ့ ကော်ပြန်းကြော်ကို တည်းခင်းဧည့်ခံပြီးတော့ အဖွဲ့ငါးဖွဲ့ခွဲကာ ဆေးရုံအနှံလှည့်လည်ပြသပါတယ်ရှင်၊ ပြီးတော့ဂရုအလိုက်ဓာတ်ပုံ့ရိုက်ကြ နဲ့ပျော်စရာကြီးပါပဲရှင်၊ အဲကထွက်လာပြီးနောက်မှာတော့ နေ့လည်စာစားဖို့ Noodle House ကိုရောက်ခဲ့ပါတယ်ရှင်၊ ထမင်းစားပြီးချိန်မှာနေ့လည် ၁နာရီထိုးပါပြီ နေကလည်းပူပြင်းပြီး လူတွေကဗိုက်လေးစွာဖြင့် ဖွင့်ထားသောမြန်မာသံတေးကို အိပ်ငိုက်စွာနားထောင်လျက် ငိုက်မြည်းပြီးတော့ Alpine ရေသန့်စက်ရုံကိုရောက်ခဲ့ပါတယ်၊ ရောက်ရောက်ချင်းပဲအမောမဖြေသေးပဲ စက်ရုံကို လှည့်လည်ကြည့်၇ှုကြပါတယ်၊ နေကပူရေကဆာနဲ့ပေါ့၊ စက်ရုံထဲမှာအ၀ီစိတွင်းကနေ ရေမောင်းယူနေပုံ၊ ပိုးသတ်ခြင်း Ozone ဖြတ်ခြင်းအဆင့်များကို ကြည့်ရှုပြီးနောက် ရေသန့်ဗူးခွဲဆေးသောနေရာ ရေသန့်ထည့်သော production လိုင်းထိရောက်၇ှိလေ့လာခဲ့ကြပါတယ်၊ကျောင်းကိုပြန်ရောက်တော့ ညနေ ၄ ၃၀ ရှိနေပါပြီရှင်၊တစ်နေ့တာ မောသမျှကို ညဘက်အိပ်ခြင်းဖြင့် အနားယူလိုက်ရပြိး စာများလည်း မကျက်နိုင်ပဲရှိခဲ့ရပါတယ်၊

ပိုးရတီ

March 8, 2012

၈-၃-၂၀၁၂

နက်ဖြန် ၉-၃-၂၀၁၂ မှာ Plant Trip ထွက်ရမယ်၊ Alpine ရယ် ပန်းလှိုင်ဆေးရုံးရယ် အတွေ့အကြုံသစ်တစ်ခုပေါ့နော်၊ဒီနေ့ပိုး ကိုနှင်းက စိတ်ကောက်တယ်၊ သူ့ကိုဂရုမစိုက်လို့ဆိုပဲ၊ အင်းတစ်ခါတစ်လေတော့လည်း အမှားဆိုတာရှိတတ်တာပဲလေနော်ဟုတ်ဘူးလား၊ ရုံးရောက်တော့ project စာရင်းတွေလုပ်ရတယ်၊ တစ်နေ့လုံးမနားရဘူး ညလည်းရောက်ရော ခဏအိပ်ချင်တာနဲ့ အိပ်လိုက်တယ် ညကျတော့သူနဲ့စကားပြောရမယ်လေ နော်ဟုတ်တယ် သူစိတ်ဆိုးလို့မဖြစ်ဘူး

March 7, 2012

လိုအပ်ချက်အားနားလည်ခြင်း

လုပ်ငန်းခွင်မှာလူတစ်ယောက်ကို စွဲစွဲမြဲမြဲလုပ်စေဖို့ဆိုရင် ဘာတွေလိုအပ်မလဲ၊ သူရဲ့  လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ရမယ်၊ လုံလောက်သောလစာ၊ သာရေးနာရေးများပါမကျန် ကြည့်ပေးနိုင်လျှင်ပိုကောင်းပါသည်၊လူတစ်ယောက်ရဲ့  စိတ်ဆန္ဒကိုအကဲခတ်တတ်ရမယ်၊ တစ်ဖို့တည်းမကြည့်ရဘူး၊ လူတစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကို အားပေးရမယ်၊ အသိအမှတ်ပြုရမယ် ၊ ကိုယ်လိုချင်တာကို ၀န်ထမ်းတွေကို ပွင့်ပွင့်လင်းလင်းနှင့် ဆွေးနွေးတိုင်ပင်ရမယ်၊ ကိုယ်ပေးထားသော ကတိများကို ၀န်ထမ်းများ ကျေနပ်အောင် လုပ်ပေးရမယ်၊ အတတ်နိုင်ဆုံး သူတို့ ဖြစ်ချင်သောဆန္ဒများကို နားထောင်နိုင်ရမည်ဒလုပ်ငန်းခွင်တစ်ခုတွင် ကျွမ်းကျင် ၀န်ထမ်းများ မကြာခဏ ထွက်ခြင်းသည် လုပ်ငန်းအား ထိခိုက်စေသည် ၊ ၀န်ထမ်းများအား စိတ်ကျေနပ်အောင် အခြေခံလိုအပ်ချက်များအား လုပ်ထားပေးသင့်သည်ဓ အဓိကလက်မလွှတ်သင့်သော သူများအား လစာတိုးပေးခြင်း၊ ၀န်ထမ်းများအားတစ်နှစ်တစ်ခါ အမြတ်ထဲမှ အပိုဆုခေါ်သော ဘောနက်များပေးခြင်းဖြင့် ၀န်ထမ်းများ၏ စိတ်ကျေနပ်မှုဖြင့် လုပ်ငန်းခွင်နေပျော်အောင်ပြုလုပ်ပေးသင့်သည်၊် တစ်ချို့သောလုပ်ငန်းရှင်များသည် ၀န်ထမ်းများ၏ လိုအပ်ချက်များကိုမသိချင်ယောင် ဆောင်လေ့ရှိကြသည်၊ အကယ်၍ အပိုဆိုများမပေးနိုင်ခဲ့လျှင်လည်း မန်နေဂျာမှတစ်ဆင့် လုပ်ငန်းအခြေအနေအား အကြမ်းဖြင်းပြောပြ၍ ၀န်ထမ်းများအား နှစ်သိမ့်ထားသင့်သည်၊ တစ်ချို့ ၀န်ထမ်းများ၏ စိတ်စေတနာများကိုလည်း နားလည် ထားသင့်သည်။ မေတ္တာဆိုတာ အသွားအပြန်ရှိသော သဘောကို နားလည်ထားသင့်သည်၊ခု့ကျွနုပ်ရေးသော စာများသည် အများသိပြီးသော အကြောင်းအရာများပင်ဖြစ်သည် ၊သို့သော်လည်း တစ်ချို့သော သတိမမူသိများကို သတိရခြင်းဖြင့် ၀န်ထမ်းများ၏စိတ်ထားများအား နားလည်အောင် ပြုလုပ်ထားသင့်သည်များကိုရေးသာြး့ပီးဘလော့တင် ခြင်းဖြစ်ပါသည်၊

ပိုးရတီ

March 6, 2012

Mar 6 2012

ဒီနေ့တော့ရုံးကပြန်လာတော့ သမီးငယ်ကိုမချီနိုင်အားဘူး အလုပ်ကိစ္စချိန်းထားတဲံရန်ကင်းကို သွားလိုက်ရတယ်၊ မှတ်မှတ်ရရ ဒိနေ့မီမီက ပိုးကိုမုန့်တီသုပ်ဝယ်ကျွှေးတယ်လေ။ဲပြီးခဲ့တဲ့ဗုဒ္ဓဟူးကလည်း မီမီနဲ့တူတူရုပ်ရှင်သွားကြည့်ဖြစ်တယ် စိန်ဂေပါရမီမှာပေါ့
ဒီနေ့တော့ရုံးကပြန်လာတော့ သမီးငယ်ကိုမချီနိုင်အားဘူး အလုပ်ကိစ္စချိန်းထားတဲံရန်ကင်းကို သွားလိုက်ရတယ်၊ မှတ်မှတ်ရရ ဒိနေ့မီမီက ပိုးကိုမုန့်တီသုပ်ဝယ်ကျွှေးတယ်လေ။ဲပြီးခဲ့တဲ့ဗုဒ္ဓဟူးကလည်း မီမီနဲ့တူတူရုပ်ရှင်သွားကြည့်ဖြစ်တယ် စိန်ဂေဟာပါရမီမှာပေါ့ ကားနံမယ်က အမွှေဇယားတဲ့ မဆိုးပါဘူးရီရပါတယ်။ တစ်နေ့တစ်နေ့အလုပ်နဲ့အိမ်နဲ့ပဲကူးနေတဲ့ကျွန်မ အတွက်တော့ အပန်းဖြေနည်းတစ်မျိုးပေါ့လေ။ အင်းစကားပြန်ဆက်ရအုံးမယ် ရန်ကင်းကပြန်လာတော့ သမီးလေးနဲ့ဆော့ဖြစ်တယ်၊ သမီးလေးကလေလိမ်မာသလောက် ဆိုးလည်းဆိုးတယ် ဒိနေ့တော့ ဂျီမကျဘူး ကျွန်မအတွက်တော့ကံကောင်းတာပဲနော် ဟုတ်ဘူးလား မဆွေနဲ့ဖုန်းပြောနေတုန်း သမီးငယ် ကျွက်ကျွက်ထိုးလို့ ဖုန်းချလိုက်ရတယ်၊ အင်း သမီးငယ်လေးရဲ့သံစဉ်ပေါ့လေ ၊ သမီးလေးကိုထိန်းရင်းနဲ့ ကျွန်မတစ်ခုစဉ်းစားမိတာကတော့ ကျွန်မမိခင်မဟုတ်သေးတာတာတောင် သမီးလေးကိုဒီလောက်ချစ်နေရင်
ကျွန်မတို့ကိုထိန်းခဲ့တဲ့ မေမေဆို ဘယ်လောက်ချစ်လိုက်မလဲပေါ့လေ၊ မိခင်မေတ္တာဆိုတာ နှိုင်းဆမကုန်ပါလားနော်၊
ခုတော့ဒီလောက်ပဲရေးပြီး နောက်မှမေမေရဲ မေတ္တာအကြောင်း ရေးတော့မယ်နော်

March 5, 2012

သမီးငယ်

သမီးလေးမွေးချိန်ကစလို့ ချစ်ဖို့ကောင်းတဲ့ ငိုသောရီသော အသံများကိုစတင်ကြားလာရပါပြီ။တစ်ချိန်လုံး ကလေးငယ်ကင်းမဲ့ခဲ့တဲ့အိမ်မှာ ဆည်းလည်းလေးထက်ပိုမြည်သော ခေါင်းလောင်းလေးတစ်လုံးရောက်၇ှိလာခဲ့ပါပြီ။ အသံဆာဆာ ဆာဆာနဲ့ ဂျီကျသံ ငိုမြည်သံများကို နားစွင့်ရင်းအိပ်ပျက်ညများစွာကိုကျော်ဖြတ်ခဲ့ရပါတယ်။၊ သမီးလေးကိုဝမ်းနဲ့ မလွယ်ပေမယ့် ၀မ်းနဲ့လွမ်းရသလိုကိုမွေးသောအမေထက်လည်းပိုချစ်မိခဲ့ပါတယ်၊ သမီးလေးအသံကြားရင် စာကျက်ရင်းနဲ့တောင် စာအုပ်ကိုပြစ်ထားပြီးပြေးချီချင်မိပါတယ်၊ သမီးလေးကလေ ဘယ်လောက်လည်သလဲဆိုရင် ငိုရင်မျက်ရည်မထွက်ပဲ၈ျီကျတယ် ၊ အရမ်းလည်းဆိုးတယ်၊ ညညဆိုမအိပ်ပဲ နေ့ဆို တစ်နေကုန် အိပ်တတ်တယ်လေ၊ ညီမနဲ့ မေမေကတစ်ညလုံးပင်ပန်းထားတော့ ပိုးရုံးကပြန်လာပြီဆိုချိဖို့ကိုတန်းပေးတော့တာပဲ။ သမီးလေးကိုရေချိုးထမင်းစားပြီးရင်ချီရပြီ သမီးငယ် ငိုရင်မချော့တတ်ပေမယ့် ၊သမီးငယ်ကို အိပ်အောင်တော့ သိပ်တတ်ပါတယ်၊ သမီးလေးကလေ သူရဲဦးလေး မောင်လေးကိုလည်း  တော်တော်ချစ်တယ် လေးဇင်လေးဇင်လို့ သူ့ဘွားဘွားကခေါ်ခိုင်းတယ်လေ၊ ပိုးကိုတော့တီတိလို့ပဲခေါ်ခိုင်းတယ် သမီးလေးတစ်လပြည့်ပြိးတော့လည်း ချစ်ရတယ် သမီးလေးကတစ်နေ့ထက်တစ်နေ့ ပိုပိုတတ်လာတယ် ပိုလည်းလူလည်ကျလာတယ်၊ ချစ်ဖိုကလည်းပိုပိုကောင်းလာပါတယ်၊ သမီးလေးရီလိုက်ချင်ချစ်ဖို့ကောင်းတာ အ၇မ်းပါပဲ။ ကဲနောက်မှပဲသမီးလေးအကြောင်းထပ်ရေးတော့မယ်နော်

4-3-2012 Sunday

ဒီနေ့တော့ကျွန်မတို့သူငယ်ချင်းတစ်တွေစာစုကျက်ကြတယ်၊Operation Management ဘာသာရပ် Assignment ကိုလုပ်ကြတယ်၊ ဇင်မီရယ် မဆွေရယ်၊ဇင်မာရယ် ပိုးရယ်ပေါ့၊ ညနေကြတော့ Business ကိစ္စအတွက်ပိုးတို့ သူငယ်ချင်းတွေတိုင်ပင်ကြတယ် တစ်ယောက်တစ်ပေါက်နဲ့ ငြင်းကြခုံကြနဲ့ နောက်ဆုံးအတည်ပြုပြီးတော့ တစ်ယောက်ကို နှစ်သိန်းစထည့်ပြီး ကုမ္ပဏီထောင်ကြဖို့သဘောတူကြတယ် 5-3-2012 မှာသူငယ်ချင်းတွေကိုအတန်းထဲမှာ ပြန်ပြီးပြောပြကြမယ်ဆိုပြီး တိုင်ပင်ကြတယ်လေ၊ ငွေရမြန်တဲ့ Services အလုပ်ကိုပဲလုပ်ကြမယ်ပေါ့လေ ၊ပျော်စရာကြီး နှင်းနုက မလာနိုင်လို့ သူ့ကိုယ်စားစာရင်းပေးလိုက်တယ် ၊ညနေ ၅ ၃၀ လောက်မှာပြန်လာကြတယ် ပိုးကတော့ ဆံပင်ညှပ်ဆိုင်ဝင်လိုက်တယ် ပြီးမှာအိမ်ပြန်တယ် ဇင်မီက ပိုးရယ် နှင်းနုရယ်ကို အိတ်ဆင်တူနှစ်လုံးလက်ဆောင်ပေးတယ် ပျော်စရာတွေ အသစ်အဆန်းတွေနဲ့နေ့လေးတစ်နေ့ပေါ့လေ အိမ်ပြန်ရောက်တော့အခွေကြည့်ပြီးအိပ်လိုက်တယ် အဲဒါပိုးရဲ့တစ်နေ့တာပေါ့၊ ချစ်စရာကောင်းသောသူငယ်ချင်းများကိုလည်းအမြဲသတိရနေမယ် ၊ မဆွေတောင်အရင်တုန်းက စိတ်နဲ့မတူပဲတစ်ဖြည်းဖြည်းချစ်စရာကောင်းလာတယ် ပိုပိုပြီးကလေးတွေပေါ် ကိုကောက်တတ်လာကတော့ ပိုးတီဆိုတဲ့ကျွန်မပါပဲရှင်။

March 3, 2012

2-3-12 တစ်နေ့တာ

မတ်လ ၂ရက်နေ့ မှာမနက်ဘက်ကို Marketing ဘာသာရပ်အချိန်ပိုသင်တယ် ဆရာမကစာမေးပွဲအတွက် Revision ပြန်ပေးတယ် ကျောင်းမှာစိုင်းဖြိုးက Business Plan အတွက် DMA ကျောင်းသားတွေစုလုပ်မယ့် ကိစ္စကို Discuss လုပ်တယ်။    ပြီးတော့ဆရာမဒေါ်စန္ဒာဝင်းသားလေးနေမကောင်းဘူးဆိုလို့ ဆေးရုံမှာသွားကြည့်ကြတယ်၊ ပြီးတော့ ပိုးရယ် ဇင်မာရယ် မဆွေရယ် ကန်တော်ကြီးသွားဓာတ်ပုံရိုက်ကြတယ် စာလုပ်ကြတယ် ပြီးတော့ပြည်သူ့ဥယျာဉ်မှာ ရေပန်းအလှသွားကြည့်ကြတယ်လေ ပြီးတော့ City Mart မှာဈေးဝယ်တယ် ပြီးတော့ထမင်းစားပြန်တော့ အိမ်ကိုရောက်ချိန်က ၉ ၃၀ မနက် 6နာရီတည်းက လှုပ်ရှားထားတဲ့ကျွန်မတို့ဟာ မောပန်းပြီးလူရုပ်တောင်မပေါက်ကြတော့ဘူးး သူငယ်ချင်းတွေကြောင့်ပျော်ခဲ့ရပါတယ်ရှင်

March 1, 2012

1-Mar-2012

အချစ်ဆိုတာချစ်တယ် တဖွဖွပြောနေယုံနဲ့ ချစ်သူနှစ်ယောက် အချစ်တွေတည်မြဲတယ်လို့တောမထင်ပါဘူး တကယ်လက်တွေ့ဘ၀မှာ ကြင်ကြင်နာနာ ယုယုယယနဲ့ တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိနေမှသာ ချစ်သူနှစ်ယောက် ကရည်ရှည်လက်တွဲနိုင်မှာပါ၊ တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်ရင် နားလည်မှုတွေနဲ့ သည်းခံမှုတွေနဲ့ နေကြရမှာပါ၊ တကယ်ချစ်မှလည်းသည်းခံနိုင်မယ် နားလည်နိုင်မယ်

တိုးတိတ်စိုးစိတ်
တထိတ်ထိတ်နှင့် ချစ်သူများလား
ဝိုးတ၀ါးနှင့် တွေးဆမျှော်မြင်
ချစ်သူ့ရင်ကို
တမ်းတမ်းတတ လွမ်းသသနှင့်
ဘယ်သောချိန်ခါရောက်လို့လာမည်
ချစ်သူဆီသို့
ပို့လိုက်ရပါသောသ၀ဏ်လွှာများနှင့်
ကျေးစေတမာန် သီချင်းကိုဆိုညည်း
ချစ်သူလာရာလမ်းကို 
မှန်းဆလိုကြိုလျှင်ဖြင့်
ချစ်သောမောင်ရယ်
ဘယ်တော့ပြန်လာမလဲကွယ်

ေ၇ွှတိဂုံနှစ် ၂၆၀၀ပြည့်ပွဲတော်

27-2-2012 နေ့တင်္နဂနွေနေ့ပေါ့ထူးခြားသောနေ့လေးတစ်ခုမှာ မဆွေရယ် ဇင်မာ ရယ် ပိုးရယ် ဘုရားကိုတူတူသွားကြတယ် DMA ရဲ့ Second Semester Mid Term Exam အပြီးနောက်နေ့ပေါ့ တစ်လနီးပါးကျက်ခဲ့တာစာတွေနဲ့ နပန်းလုံးခဲ့တဲ့ကျွန်မတို့ဟာ သူငယ်ချင်းသုံးယောက်ပျော်ရွင်စွာသွားခဲံကြတယ် မဆွေကနောက်မှလိုက်လာပြီးတော့ပိုးရယ် ဇင်မာရယ်ကအရင်သွားခဲ့တယ် ကားလမ်းတွေပိတ်နေတော့ လင့်လမ်းမှာဆင်းပြီးမြောက်ဘက်မုခ်ကို လမ်းလျောက်သွားခဲံကြတယ် လမ်းမှာလည်းလူတွေကအများကြီးပဲ ဘုရားပေါ်တက်တော့ ပန်းပေါင်း ၅၄၀၀၀၀ အလှုခံတာတွေ့တော့ထူးခြားမှုအထိမ်းအမှတ်အနေနဲ့   ပန်းပင်တွေလူခဲံကြတယ်လေ ဘုရားပေါ်မှာအမှတ်တရဓာတ်ပုံရိုက်ကြတယ် ပြိးတော့အနောက်ဘက်မုခ်ကဆင်းပြီး ရေပန်းဥယျာဉ်သွားခဲ့တယ် ဘုရားပေါ်မှာညထွန်းထားတဲ့မီးအရောင်တွေနဲ့ကဘုရားကသပ္ပါယ်လိုက်တာလေ ဖူးလို့တောင်မ၀ပါဘူးဓအနောက်ဘက်ုခ်မှာ ပုံတူရေးကြတယ် ကယ်ရီကေးချားရုပ်ပြောင်ပေါ့ မဆွေကအဲပုံဆွဲခကိုလက်ဆောင်ပေးတယ် ဇင်မာရယ် ပိုးရယ်ကိုပေါ့ အမှတ်တရအဖြစ်ပေါ့ ရှမ်းမလေးတစ်နေ့ သူရပ်ရွာပြန်သွားရင်အမှတ်တရတွေအမြဲရှိနေမှာပါ ၇ှမ်းမလေးရယ်၊တို့တွေဘယ်တော့မှမမေ့ကြေးနော်