March 30, 2014

စိတ်

စိတ်
စိတ်ဆိုတာ မရေရာတဲ့ဖြစ်စဉ်တစ်ခု
ရှေ့ဖြစ်နဲ့နောက်ဖြစ်စက္ကန့်ပိုင်းတောင် 
မတူညီတဲ့အဖြစ်။
မနေ့ကခံစားချက် ဒီနေ့ပြန်တွေးမိတော့ 
ရီစရာ ဟာသတပုဒ်လို ဖြစ်နေခဲ့။
နှောင်တွယ်တဲ့ သံယောဇဉ်ကို
ဖြတ်နိုင်ဖို့ကြိုးစားရင်း
ငါဟာမျက်ရည်တွေနဲ့ ရင်းနှီးခဲ့
မနေ့ကမျက်ရည်ဟာ ခန်းခြောက်ခဲ့ပြီး
ဒီနေ့မျက်ရည်ဟာ အသစ်တစ်ခု ဖြစ်နေခဲ့။
စိတ်အစဉ်ကို ရပ်တန့်ဖို့ကြိုးစားရင်း
တရားကိုတွေ့ခဲ့။
တွေ့နေလည်း ထိုတရားကို
မကျင့်ဖြစ်တော့ ငါ့ခန္ဓာဟာ
ဘ၀သံသရာ တလျောက်လည်နေအုံးမှာပေါ့။
ခုရီလိုက် ခုငိုလိုက်
အရူးတယောက်လို ဖြစ်နေခဲ့လည်း
ငါ့စိတ်ကတော့ တစ်ယောက်သောသူကို
တမ်းတဆဲ။
မပိုးတီ ၃၀.၃.၂၀၁၄

No comments:

Post a Comment