ဟိုးခပ်ဝေးဝေးကအရိပ်လေးမြင်တိုင်း သူလို့ထင်လို့ လှည်လှည့်ကြည့်မိတယ်။
စိတ်ထင်ရာစေစားသမျှ နေရာတိုင်းမှာသူပဲလေ။ ဟိုခပ်ဝေးဝေးက
နေရာတစ်ခုဆီသို့သူထွက်သွားပြီပဲ ။ ဒီလိုတွေးတိုင်း ဝမ်းနည်းမျက်ရည်တွေက
ခပ်တွေတွေစီးလို့ ။ အိပ်ပျက်ညတွေ အိပ်မက်ဆိုး
တွေက သူနဲ့ခွဲခွာပြီးတိုင်း လန့်လန့်နိုးတယ်။ နှလုံးခုန်တွေမြန်ပြီး
ဆေးခန်းရောက်ချိန်တွေနဲ့ သောက်ဆေးတွေ ကုဋေကဋာ။ အိပ်မက်ကိုတော့
သိပ်မမှတ်မိတော့ဘူး ၊ ဒါပေမယ့် ကိုယ်ကိုချန်ထားပြီး ကျောခိုင်းလို့
မိန်းကလေး တစ်ယောက် လက်ကိုတွဲ အဝေးကို ထွက်သွားတယ်။ အဲဒီမြင်ကွင်းကြောင့်
ကိုယ်ရှိုက်သံတွေနဲ့ ဖျတ်ခနဲ လန့်နိုးခဲ့တယ်။ ခွဲခွာချန်ခဲ့လို့
ကျန်ရစ်ဖြစ်မှာကိုတော့ မလိုလားဘူးလေ။ အိပ်မက်တိုင်းဟာ နမိတ်ဖြစ်တတ်တဲ့
ကိုယ့်အတွက်တော့ ဒါဟာ ကိုယ်တို့နှစ်ယောက်အတွက် တကယ်ဖြစ်တည်လာမှာကို
စိုးရိမ်ခဲ့သူပါ။
အခါခါရင်တွေအကွဲခံပြီး ချစ်သူတွေချစ်ခဲ့ကြတယ။် ပြီးမှ ဒဏ်ရာတွေပေးထားပြီး
ချန်ရစ်ခံခဲ့ရတာ ကိုယ်ပါ။ ကိုယ်တစ်ယောက်ထဲပဲ နေတော့မယ်
စိတ်ကူးထားခဲ့တဲ့ကိုယ့်ကို နှလုံးသားကို တဒေါက်ဒေါက်ခေါက် ဝင်လာခဲ့တာ
သူပါ။ ကိုယ်ပြန်ချစ်ဖို့ စဉ်းစားခဲ့တာ အကြာကြီးဆိုတာ သူအသိဆုံးပါပဲ။
သူ့အပြုံးတွေ သူ့အယုယတွေ သူ့အနစ်နာခံမှုတွေနဲ့ ကိုယ့်ဘဝထဲကို
မိုးစက်လေးတွေလို သွန်းဖြိုးပြီး အချစ်သစ်ပင်ငယ်လေး ထပ်ပေါက်လာခဲ့တယ်။
သစ်ပင်ငယ်တုန်းမှာ လောင်းရိပ်မိမှာ ၊ မုန်တိုင်းဒဏ်သင့်မှာ ၊
လူနင်းခံရမှာကြောက်ခဲ့တာ မဆန်းပါဘူးသူ။ သစ်ပင်ငယ်အရွယ်ရောက်ရင်
ဘယ်သူခူးခူး၊ ဘယ်သူခုတ်ခုတ် ၊ကိုယ်တိုင်မရွေ့မပြောင်းရင်
မရွေ့ရတဲ့ဒဏ်တွေကို ကိုယ်တို့ကြံ့ကြံ့ခံနိုင်မှာပါ။ သူများခုတ်လှဲလဲ
မလဲအောင် ကျားကန်ထားရမှာပေါ့။
မပျိုးခင်ကတည်းက ပျိုးသင့်မပျိုးသင့် စဉ်းစားသင့်တယ်။ ဘာတွေကြုံနိုင်သလဲ
၊ လောကဓံ ကံကြမ္မာ အလှည့်အပြောင်း ဘယ်လိုပင် လာလာ ကြံ့ကြံ့ခံမယ်ပေါ့။
ကိုယ်ပျိုးတဲ့အပင်က ရာသီဒဏ်ခံနိုင်မယ့် ညောင်ပင်ကြီးလိုမျို ဖြစ်သင့်တယ်။
သူမျာတွေ ကိုယ့်အပင်အောက်ရောက်လာတာနဲ့ သာယာချမ်းမြေ့မှုကို
ပေးစွမ်းနိုင်ရမယ်၊ အေးမြစေရမယ် ။ ကဲကိုယ်တို့ပျိုးတဲ့ အပင်လေး
ရာသီဒဏ်မခံနိုင်မှာတော့ကြောက်နေမိတယ်။
ကိုယ်တို့ပျိုးပင်လေးဟာ ရာသီဒဏ်ခံနိုင်မယ် ဆိုတာယုံကြည်မိတယ်။
အရိပ်မြင်တိုင်း သူလို့ထင်နေတဲ့စိတ်ဖျောက်ရမယ်။ အိပ်မက်က
အိပ်မက်သာဖြစ်ပါစေ ဆုတောင်းရင်း ။ ထပ်ရလာမယ့် ဒဏ်ရာအတွက်
ကိုယ်အဆုံးသတ်ကတော့ ဘယ်တော့မှ ဘယ်သူမှ မလိုက်နိုင်တဲ့နေရာ။
ပိုး ၇.၁၀.၂၀၁၅
No comments:
Post a Comment