May 10, 2012

နားလည်စိတ်

အရာရာကိုယ်က သူးများပေါ်မှာနားလည်ပေးပေမယ့် တစ်ဖက်ကနားမလည်ပေးတာကိုခံစားရတဲ့  ခံစားမှုမျိုးကို အလားတူတစ်ခြားတစ်ယောက်က ကိုယ်တိုင်ခံစားဖူးမှသိမှာပါ။ ချစ်သူချင်းမှာလည်းအဲလိုပဲ တစ်ဖက်ကပဲအမြဲနားလည်ပေးနေရရင် သည်းခံစိတ်ကုန်ဆုံးလာတဲ့ အချိန်လည်းရောက်လာတတ်ပါတယ် ။ ယောက်ကျားရယ် မိန်းမရယ်မှ မဟုတ်ပါဘူး။ ပြောလိုက်တဲ့နားလည်မှုဆိုတာ ကတော့လွယ်ပါတယ်။ နားလည်မှု ဆိုတာကို ပျိုးထောင်ပြီး အလေ့အကျင့် လုပ်ယူမှ ရမှာပါ။ ချစ်သူနှစ်ယောက်ဟာ ပြဿနာ တစ်ခုတက်ပြီဆိုပါစို့။ ပြသနာရဲအရင်းမြစ်ကို သေချာလေ့လာဆန်းစစ်ပြီးတော့ နှစ်ယောက်သား ပွင့်ပွင့်လင်းလင်းဖြေရှင်းကြပါ။ ပွင့်လင်းမှသာ အရာရာကို ရင်ဆိုင်ဖြေရှင်းနိုင်မယ် တစ်အုံနွေးနွေး မကျေနပ်စိတ်ကို ရင်ထဲမှာသိမ်းဆည်းထားမယ် ဆိုရင် ပြသနာသေးသေးလေးမှစပြီး အကျိတ်အခဲဖြစ်ပြီးတော့ နောင်တစ်ချိန်မှာပေါက်ကွဲစေမယ့် အကြောင်းရင်းဖြစ်လာမှာပါ။ ချစ်သူမိန်းကလေးက သူ့ချစ်သူ ဘာလုပ်နေလဲ ဘယ်သွားနေတယ် ဆိုတာကိုသိချင်တာက ပိုင်ဆိုင်ချယ်လှယ်လိုစိတ် ရှိလို့ဟုတ်ပါဘူး။ ချစ်သူဘာလုပ်နေလဲသိရတာဟာ အော်င့ါကို သူအလေးပေးပါလား ဆိုတဲ့စိတ်နဲ့ ကြည်နူးဖို့ပါ။ 
ကဲနောက်မှဆက်တော့မယ်နော် ဒီလောက်ပဲရပ်ထားလိုက်အုံးမယ်။


ပိုးတီ

No comments:

Post a Comment