May 18, 2012

လှည့်စားခံရခြင်း

တစ်ခါတစ်လေတော့လည်း ဘ၀မှာ မဖယ်ထုတ်ချင်ပဲ ဖယ်ထုတ်လိုက်ရတဲ့ အစိတ်အပိုင်းတွေရှိတတ်ပါတယ်။ ရင်နာနာနဲ့ချစ်သူနဲ   လမ်းခွဲရခြင်းကလည်း ၀ဋ်ကြွေးတစ်မျိုးပါပဲ။ ကိုယ်ချစ်တဲ့သူနဲ့ဝေးဖို့ကို ဘယ်သူများတွေးမှာလဲ ဘ၀မှာ ချစ်တိုင်းလည်း မညားဆိုပေမယ့် ချစ်သူတိုင်းကတော့ ညာ.ချင်ကြသူချည်းပါပဲ။ မင်းရဲ့ချိုသာတဲ့ စကားလေးတွေကိုလည်း အမှန်တကယ်လို့ထင်မှတ်မိခဲ့တယ်လေ။ ပြီးတော့ မင်းရဲ့အပြုံးလေးတွေကိုလည်း မင်းသားလေးတပါးလို ထင်မှတ်ခဲ့တယ်။ မင်းကို ကိုယ့်ရဲလမ်းပြကြယ်လေးလို။ အားကိုးရှင်သန်ရာ နေမင်းကြီးလို ။ ခိုလှုံနားခိုဖို့  လုံခြုံတဲ့ရင်ခွင်  ကိုလည်းအိမ်ကြီးတလုံးလို ထင်မှတ်ခဲ့သူပါ။ မင်းနဲ့ဘ၀ကို တူတူလျောက်လှမ်းဖို့လည်း သစ္စာဆိုခဲ့ကြတယ်လေ။ မင်းလက်ထပ်တဲ့နေ့ထိမင်းရဲ့ စကားတွေက ငါ့ကို တကယ်ချစ်တာပါလို့ပြောတုန်း ။ ငါ့ကိုယူမယ်လို့ မင်းနှုတ်ဖျားက ပြောတုန်း။ မင်းရဲ့စကားတွေကိုယုံကြည်မိတုန်း။ ငါမှားတာပေါ့လေ မင်းရက်စက်သွားတာကို သိတာတောင်င့ါရဲ့ မင်းကိုယုံချင်တဲ့စိတ်တွေကို ငါပြန်ပြီးမစိတ်နာချင်စရာကောင်းအောင် မုန်းတီးတယ်။ ကိုယ့်ကိုကိုယ်လည်းစိတ်နာတယ်။ မင်းကိုလည်းစိတ်နာတယ်။ မင်းရဲအတ္တတွေ မင်းရဲ့လှည့်စားမှုတွေအတွက် ၀ဋ်ဆိုတာ ငါမလုပ်ပေမယ့်လည်း ပြန်လည်တတ်တာထု့းစံပါ။


ပိုးရတီ

No comments:

Post a Comment