သမီးလေးကိုးလပြည့်တော့ဖို့ နှစ်ရက်ပဲလိုတော့တယ်။ သမီးလေးတတ်တာတွေကတော့ အများကြီးပဲ ။ ပိုးအိမ်ပြန်လာပြီဆို အကျီတောင်မလဲနိုင်အောင်ပဲ သမီးလေးဆီကိုပြေးသွားမိတယ်။ ၀ူးဝူးဝါးဝါး အသံလေးတွေကို နားထောင်းရင်း သမီးလေးကိုချီပိုးရင်း ပျော်စရာအချိန်တွေကို ဖန်တီးရတယ်။ ပိုးပင်ပန်းလာတဲ့ အချိန်တွေမှာ သမီးလေးနဲ့နေရင်း စိတ်ကိုဖြေလျော့ရတာလည်း အလေ့ကျင့်ကောင်းပါပဲ။ ပိုးအလုပ်တွေမနိုင်နင်းလို့ ကျောင်းစာတွေကျက်နေချိန်မှာ သမီးကိုဂရုမစိုက်နိုင်ချိန်တွေမှာ ရင်ထဲမကောင်းဖြစ်ရတယ်။ ပိုးဆီမှာ သမီးလေး ပုံရိပ်တွေ အများကြီးပဲ။ ကလေးကို ပိုးက ဟေရတီဆောင်းကို ဟေရတီမျောက်၇ှုံးလို့ နာမည်ပြောင် ပေးထားတယ်။ အိမ်ရှေ့ကသံပန်းပေါ်ကို တက်တယ်လေ အရွယ်ငယ်ငယ်လေးနဲ့။ယောက်ကျားလေးတောင်ရှုံးတယ် ဆော့တာကတော့လေ။ ခုစက်တင်ဘာ ၂ရက်ဆို သမီးလေး ကိုးလပြည့်ပြီ။ တဖြည်းဖြည်းတတ်လာတဲ့ သမီးကိုကြည့်ရင်း ဗိုက်ထဲမှာတုန်းက ဘယ်လိုနေမလဲလို့တွေးမိတဲ့ သမီးလေးဟာ အဲလောက်ချစ်စရာကောင်းမှန်း မသိခဲ့ပါဘူး။ သမီးရဲ့အနာဂတ်ကို စဉ်းစားရင်း ဘာလုပ်ပေးရမလဲတွေးနေမိတယ်။ ပိုးသီချင်းဆိုရင် သမီးလေးက လက်ခုပ်တီးတယ်။ လက်လေးလှုပ်ပြီးကတယ်။ အပြင်သွားရင် ဘိုင်ဘိုင်လုပ်ပြတတ်တယ် ။ ဆူလိုက်ရင် မျက်နှာငယ်လေးနဲ့ကြည့်တတ်တယ် ။ သမီးလေးကို ပိုးအရမ်းချစ်တယ် ။ ရင်နဲ့မလွယ်ရပေမယ့် လွယ်ခဲ့သလိုပဲချစ်တယ်။
ပိုးရတီ @ ပိုးတီ

No comments:
Post a Comment