August 30, 2012

တစ်ခါက

တစ်ခါက


မျက်ဝန်းတစ်ချက် ၀င့်လိုက်တိုင်း
သူနဲ့အကြည့်ချင်းဆုံ
ရင်ခုန်ခဲ့တဲ့ကာလတွေ လွန်ပြီးသကာလ
သူနဲ့ချစ်သူတွေ ဖြစ်ခဲ့ကြတယ်။
ချစ်သူဘ၀ ပထမအစမှာတော့
ရင်ခုန်ဖွယ် ကြည်နူးဖွယ်
စကားလုံးများကို သီကုံးရင်း
ပျော်ခဲ့ကြဖူးတယ်။
အပြင်မှာမတွေ့နိုင်တောင် 
ဖုန်းနဲ့လည်း စကားတွေ  အများကြီးပြောခဲ့ကြဖူးတယ်။
စိတ်ချင်းလည်း ဆက်ခဲ့ကြဖူးတယ်
သူ့တမ်းတချိန်တိုင်းမှာ
 သူ့ဆီက မက်ဆေ့လေးတစ်ကြောင်းဖြစ်ဖြစ်
ဖုန်းခေါ်သံလေး ဖြစ်ဖြစ်ဝင်လာချိန်မှာ
ကြည်နူးရင်ခုန်ခဲ့ဖူးတယ်။
ချစ်သူသက်တမ်းရင့်လာတော့
သူရဲ့ ဖုန်းခေါ်သံတွေ
မက်ဆေ့တွေ အလာကျဲသွားခဲ့တယ်။
နောက်တော့ သူရဲ့စိတ်မရှည်သံတွေ
စကားသံတွေ ကြားခဲ့ရတယ်။
ရင်နာနာနဲ့ မျက်ရည်ကျခဲ့ရဖူးတယ်။
သို့သော်လည်း ခွင့်လွှတ်မြဲလွှတ်လျက်
ပျော်တစ်ခါ ရီတလှည့်
ပြုံးတစ်ခါ ငိုတလှည့်
ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ 
ချစ်သူဘ၀ကို ဖြတ်သန်းရင်း
တဖြည်းဖြည်းသူ့ရဲ့ လစ်ဟာနေသော
ဝတ္တရားများကို လစ်လျူရှုရင်း
ချစ်သူသက်တမ်းကို ရသမျှဆွဲဆန့်ခဲ့ဖူးတယ်။
သူကိုယ့်ကို လုံဝ မချစ်တော့ဘူးသိလိုက်ချိန်မှာ
ရင်နာနာနဲ့ပဲ မေ့ပြစ်ရင်း
ဘ၀ခရီးကို ဆက်လျောက်ရင်း
တစ်ယောက်တည်း အထီးကျန်စွာဖြင့်
ယနေ့တိုင် ခုထိ...............................................။

No comments:

Post a Comment