ကျွန်မတကယ်တော့ အတ္တကြီးတယ်၊စိတ်ထားပုတ်တယ်၊ သဘောမကောင်းဘူး၊ ငယ်ငယ်တည်းက အကြီးပေမယ့်
အငယ်ကိုဦးစားပေးရတယ်၊ ကိုယ့်ကို ဦးစားပေးစေချင်ပေမယ့်လည်း ကိုယ်ကပဲ
အလျော့ပေးရတယ်၊ ငယ်ငယ်က ဘယ်လောက်ဆိုးလဲဆို
ကျွန်မစာဖတ်ဝါသနာပါတော့ နှစ်တန်းလောက်တည်းက မေမေက ရွှေသွေးရယ်၊ တေဇရယ်
တပတ်တခါ ၀ယ်ပေးတယ်၊ နောက် ၄တန်းလောက်ကျတော့ မိုးသောက်ပန်းကိုပါဝယ်ပေးရော၊
ကျွန်မကလည်းစာဖတ်ရရင် ထမင်းမေ့ ဟင်းမေ့ အဲလောက်စာကြိုက်တယ်၊ ၀ယ်ပေးတဲ့စာအုပ်တွေကို
ကျွန်မအရင်ဘယ်သူမှ မဖတ်ရဘူး ဖတ်ရင်ကျွန်မသောင်းကျန်းလို့မဆုံးဘူး၊ သူများဖတ်ရင်
ကျွန်မနောက်မှဖတ်ပေါ့လေ၊ ကြီးလာတော့လည်း သူငယ်ချင်း ၃ယောက်ရှိတယ်ဆိုပါစို့
ကျွန်မကသာ သူများကိုပိုခင်ချင်ခင်မယ် ကျွန်မအချစ်ဆုံးသူငယ်ချင်းက တခြားသူကို
ပိုခင်ရင်မကြိုက်ဘူး၊ ညနေပိုင်း ဒီပလိုမာတခုတက်တုန်းကပေါ့ သူငယ်ချင်းညီမလေးက
သူ့ချစ်သူလာကြိုတာကိုတောင် ကျွန်မမကြိုက်မှာစိုးလို့ သွားပြီးမထိုင်ရဲဘူ၊
ကျွန်မအဲလောက် အတ္တကြီးပြီးစိတ်ပုတ်တာလေ၊ အဲဒါကျွန်မစိတ်ပုတ်တဲ့အကြောင်းတွေပေါ့၊
မပိုးတီ ၃-၁၁-၁၃
No comments:
Post a Comment