သည်ဆောင်းဟေမန်
မြောက်ပြန်လေဆော်သွေး
ဖော်မဝေးပါလည်း
အော်အေးတဲ့ ဒီရာသီမှာ
ဘယ်ဝယ်တမ်းတမှန်းဆစရာ မရှိပါလည်း
လွမ်းရပါ့နော်။
သဇင်တွေလည်း ပွင့်ကြပြီ
ဆောင်တော်ကူးတွေလည်း မွှေးပြန့်ပြီ
မြူနှင်းမှုန်ဝေသီ ၀န်းကျင်တစ်ခိုဆီ
အလွမ်းပုံရိပ်တွေ တေးဆက်ခဲ့ပြီ။
ပိုး ၁၉၊၁၂၊၁၄
No comments:
Post a Comment