လယ်သူမ
နွေအပြာတွေပွင့်သွား
ဖြတ်သန်းပြီးသားတိမ်တွေ
တစ်အုပ်ပြီးတစ်အုပ်ပြန်ကွေ့လာကြ
ကျွန်တော်ပွေ့ပိုက်ခဲ့ရတယ်
နောက်ဆုံးတော့လည်း
ဘာမှမဟုတ်ခဲ့ပါဘူး
ကိုယ့်ရင်ဘတ်ကိုယ် အကြမ်းကြတ်ဆုံး ဆွဲဖွင့်ပြီး
နေပူကြဲကြဲတွေ သွန်ချ ပစ်ရတာကလွဲရင်ပေါ့
သံယောဇဉ်ကိုမှ
ခုတ်ထွင်ရှင်းလင်းတတ်တဲ့ လယ်သူမရယ်
အခုတောင်လွမ်းတယ်။
တာရာမင်းဝေ
Post By Poe Ti
No comments:
Post a Comment