မရေရာတဲ့နေ့စွဲတွေထဲ ရေရာဖို့အတွက်
အကြည်ဓာတ်ခံရဖို့ ဓမ္မနဲ့ကြိုးစားရုန်းကန်ရင်း
ပြတင်းပေါက်က ခေတ္တခဏလှစ်ဟကြည့်မိ
အနာဂတ်နေ့စွဲတွေက စိန်ခေါ်မှုတွေနဲ့စောင့်လို့နေခဲ့
လောကုတ္တရာမဝင်နိုင်သေးမီ
ထမင်းတစ်လုတ်အတွက် ကြိုးစားရုန်းကန်ရအုံးမယ်
လောကီသံသရာထဲတဝဲလည်လည်ပေါ့။
POE
No comments:
Post a Comment