သမီးလေးမွေးချိန်ကစလို့ ချစ်ဖို့ကောင်းတဲ့ ငိုသောရီသော အသံများကိုစတင်ကြားလာရပါပြီ။တစ်ချိန်လုံး ကလေးငယ်ကင်းမဲ့ခဲ့တဲ့အိမ်မှာ ဆည်းလည်းလေးထက်ပိုမြည်သော ခေါင်းလောင်းလေးတစ်လုံးရောက်၇ှိလာခဲ့ပါပြီ။ အသံဆာဆာ ဆာဆာနဲ့ ဂျီကျသံ ငိုမြည်သံများကို နားစွင့်ရင်းအိပ်ပျက်ညများစွာကိုကျော်ဖြတ်ခဲ့ရပါတယ်။၊ သမီးလေးကိုဝမ်းနဲ့ မလွယ်ပေမယ့် ၀မ်းနဲ့လွမ်းရသလိုကိုမွေးသောအမေထက်လည်းပိုချစ်မိခဲ့ပါတယ်၊ သမီးလေးအသံကြားရင် စာကျက်ရင်းနဲ့တောင် စာအုပ်ကိုပြစ်ထားပြီးပြေးချီချင်မိပါတယ်၊ သမီးလေးကလေ ဘယ်လောက်လည်သလဲဆိုရင် ငိုရင်မျက်ရည်မထွက်ပဲ၈ျီကျတယ် ၊ အရမ်းလည်းဆိုးတယ်၊ ညညဆိုမအိပ်ပဲ နေ့ဆို တစ်နေကုန် အိပ်တတ်တယ်လေ၊ ညီမနဲ့ မေမေကတစ်ညလုံးပင်ပန်းထားတော့ ပိုးရုံးကပြန်လာပြီဆိုချိဖို့ကိုတန်းပေးတော့တာပဲ။ သမီးလေးကိုရေချိုးထမင်းစားပြီးရင်ချီရပြီ သမီးငယ် ငိုရင်မချော့တတ်ပေမယ့် ၊သမီးငယ်ကို အိပ်အောင်တော့ သိပ်တတ်ပါတယ်၊ သမီးလေးကလေ သူရဲဦးလေး မောင်လေးကိုလည်း တော်တော်ချစ်တယ် လေးဇင်လေးဇင်လို့ သူ့ဘွားဘွားကခေါ်ခိုင်းတယ်လေ၊ ပိုးကိုတော့တီတိလို့ပဲခေါ်ခိုင်းတယ် သမီးလေးတစ်လပြည့်ပြိးတော့လည်း ချစ်ရတယ် သမီးလေးကတစ်နေ့ထက်တစ်နေ့ ပိုပိုတတ်လာတယ် ပိုလည်းလူလည်ကျလာတယ်၊ ချစ်ဖိုကလည်းပိုပိုကောင်းလာပါတယ်၊ သမီးလေးရီလိုက်ချင်ချစ်ဖို့ကောင်းတာ အ၇မ်းပါပဲ။ ကဲနောက်မှပဲသမီးလေးအကြောင်းထပ်ရေးတော့မယ်နော်
March 5, 2012
သမီးငယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment