March 11, 2012

စိတ်ခြင်းညီ



လူတိုင်းလူတိုင်းမှာ မတူညီသောလက်ရှိသလို နေရာတိုင်းနေရာတိုင်းမှာ စည်းလုံးညီညွတ်ခြင်းရှိဖို့လိုပါတယ်၊ စည်းလုံးမှုမရှိရင်တော့ ဘယ်သို့သောအရာကိုမျှ ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်မယ်မထင်ပါ၊ ကိုယ်သွားချင်သော နေရာတစ်ခုကို ရောက်ရန်အတွက် သည်းခံခြင်း စိတ်ရှည်ခြင်းနှင့် ဇွဲ လုံ့လ ၀ရိယရှိမှသာ အရာရာကိုလုပ်ဆောင်နိုင်ပါမယ် လမ်းခုလတ်တွင်ရှိသော မကျေနပ်ခြင်းများကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခြင်းဖြင့် အောင်မြင်မှုကို ရအောင်ယူနိုင်ပါမယ်၊ ဒီနေ့တွင် နေရာတစ်ခုကို ရပ်တည်နိုင်ခြင်းမှာလည်း အရင်အချိန်များမှ ရင်းနှီးခဲ့ရသော အချိန်များနှင့် အတွေ့အကြုံများကြောင့် နေရာတစ်ခုသို့ ရောက်ရှိနေခြင်းဖြစ်ပါသည်၊ထို့ကြောင့် အောင်မြင်မှုကို ကြာရှည်ရပ်တည်နိုင်ရန်မှာ ကြိုးစားခြင်းတစ်ခုတည်းဖြင့်သာ မကပဲနာယကဂုဏ်မြောက်အောင် လုပ်ဆောင်ရန်လိုအပ်ပါသည်၊ ကလေးဆန်သော အတွေးများဖြင့်သာနေပါက လူသည်မည်မျှပင်အသက်ကြီးစေကာမူ လူကြီးအဆင့်တွင်မရှိတော့ပဲ လူငယ်အဆင့်ဖြင့်သာ စိတ်ဓာတ်တစ်ခုတည်ရှိနေပါမည်၊ ဖတ်ဖူးသောစာအုပ်တစ်အုပ်ထဲတွင် လူကြိးလုပ်လိုပါက လက်အောက်ငယ်သားများပြောသော အများဝေဖန်သော စကားများကိုလစ်လျူရှုရမည် ဟုပါ၇ှိပါသည်၊ ကိုယ်တိုင်လည်း တတ်နိုင်သလောက် လိုက်နာကျင့်သုံးနေပါသည်။ 




ပိုးရတီ

No comments:

Post a Comment