အချစ်ဆိုတာချစ်တယ် တဖွဖွပြောနေယုံနဲ့ ချစ်သူနှစ်ယောက် အချစ်တွေတည်မြဲတယ်လို့တောမထင်ပါဘူး တကယ်လက်တွေ့ဘ၀မှာ ကြင်ကြင်နာနာ ယုယုယယနဲ့ တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိနေမှသာ ချစ်သူနှစ်ယောက် ကရည်ရှည်လက်တွဲနိုင်မှာပါ၊ တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်ရင် နားလည်မှုတွေနဲ့ သည်းခံမှုတွေနဲ့ နေကြရမှာပါ၊ တကယ်ချစ်မှလည်းသည်းခံနိုင်မယ် နားလည်နိုင်မယ်
တိုးတိတ်စိုးစိတ်
တထိတ်ထိတ်နှင့် ချစ်သူများလား
ဝိုးတ၀ါးနှင့် တွေးဆမျှော်မြင်
ချစ်သူ့ရင်ကို
တမ်းတမ်းတတ လွမ်းသသနှင့်
ဘယ်သောချိန်ခါရောက်လို့လာမည်
ချစ်သူဆီသို့
ပို့လိုက်ရပါသောသ၀ဏ်လွှာများနှင့်
ကျေးစေတမာန် သီချင်းကိုဆိုညည်း
ချစ်သူလာရာလမ်းကို
မှန်းဆလိုကြိုလျှင်ဖြင့်
ချစ်သောမောင်ရယ်
ဘယ်တော့ပြန်လာမလဲကွယ်
No comments:
Post a Comment