ဒီနေ့တော့
ပိုးမနေ့က သွားခဲ့တဲ့နေရာ ဒေသအကြောင်းလေးကို ရေးပါ့မယ်ရှင်၊ မနေ့ကတော့ ကျွန်မတို့ကျောင်းက
လေ့လာရေးခေါ် Plant Trip အနေနဲ့ ပန်းလိုင်ဆေးရုံးနဲ့ Alpine ရေသန့်စက်ရုံကိုသွားခဲ့တာကိုပြောပါ့မယ်၊ ကျွန်မတို့
ကျောင်းကနေမနက် ၈ ၃၀ မှာစထွက်ကြတယ်၊ အရင်ဆုံးပန်းလှိုင်ဆေးရုံကိုသွားကြတယ် ၊ဆရာဦးထွန်းအောင်
ဆရာမဒေါ်တင်တင်အေး၊ ဆရာမဒေါ်ဝန်နီတို့ လိုက်လာကြတယ်၊ ကားနှစ်စီးနဲ့ပေါ့ DMA 56th
,DMA 57th MBA, EMBA ကလူတွေလည်းပါတယ်လေ၊ ဆေးရုံရောက်တော့ လေ့လာရေးမစခင်
ADMIN MANAGER က လိုက်ပြပေးမယ့်သူတွေနဲ့ မိတ်ဆက်ပေးတယ်လေ၊ ပြိးတော့ဆေးရုံကစပြီးတည်ထောင်ချိန်
Lancape ရွေးချိန်ကစလို့ဆောက်ချိန်ထိ နောက်ပြီးဆောက်ပြီးချိန်မှစ၍ ဘယ်သူတွေကို
consultant အနေနဲ့ထားတယ် ဘယ်သူရေးဆွဲပေးတာကအစ စနစ်တကျနဲ့ရှင်းပြတယ် အဆောက်အဦးကိုမြင်နေရတဲ့
မြင်ကွင်းရယ်၊ နောက်ဘက် ဘေးဘက်ကမြင်နေရတဲ့ Site အပါအ၀င် ၀န်ထမ်းဖွဲ့စည်းပုံ၊အဆင့်ဆင့်မှစ၍
ဝန်ထမ်းများလုပ်ငန်းတာဝန် ၊မီးဘေးလုံခြုံရေးစနစ်၊ အဲကွန်းစနစ်အပါအ၀င် မီးစက်များထားရှိမှု
ဝန်ထမ်းများအားလေ့ကျင့်ထားရှိမှု ယင်းဆေးရုံ၏ Mission ကစလို့ အကုန်ရှင်းပြတယ် နားမလည်
သည်များကိုလည်း တစ်ခုချင်းရှင်းပြပါတယ်၊နောက်တော့ အအေးနဲ့ ကော်ပြန်းကြော်ကို တည်းခင်းဧည့်ခံပြီးတော့
အဖွဲ့ငါးဖွဲ့ခွဲကာ ဆေးရုံအနှံလှည့်လည်ပြသပါတယ်ရှင်၊ ပြီးတော့ဂရုအလိုက်ဓာတ်ပုံ့ရိုက်ကြ
နဲ့ပျော်စရာကြီးပါပဲရှင်၊ အဲကထွက်လာပြီးနောက်မှာတော့ နေ့လည်စာစားဖို့ Noodle House
ကိုရောက်ခဲ့ပါတယ်ရှင်၊ ထမင်းစားပြီးချိန်မှာနေ့လည် ၁နာရီထိုးပါပြီ နေကလည်းပူပြင်းပြီး
လူတွေကဗိုက်လေးစွာဖြင့် ဖွင့်ထားသောမြန်မာသံတေးကို အိပ်ငိုက်စွာနားထောင်လျက် ငိုက်မြည်းပြီးတော့
Alpine ရေသန့်စက်ရုံကိုရောက်ခဲ့ပါတယ်၊ ရောက်ရောက်ချင်းပဲအမောမဖြေသေးပဲ စက်ရုံကို လှည့်လည်ကြည့်၇ှုကြပါတယ်၊
နေကပူရေကဆာနဲ့ပေါ့၊ စက်ရုံထဲမှာအ၀ီစိတွင်းကနေ ရေမောင်းယူနေပုံ၊ ပိုးသတ်ခြင်း Ozone
ဖြတ်ခြင်းအဆင့်များကို ကြည့်ရှုပြီးနောက် ရေသန့်ဗူးခွဲဆေးသောနေရာ ရေသန့်ထည့်သော
production လိုင်းထိရောက်၇ှိလေ့လာခဲ့ကြပါတယ်၊ကျောင်းကိုပြန်ရောက်တော့ ညနေ ၄ ၃၀ ရှိနေပါပြီရှင်၊တစ်နေ့တာ
မောသမျှကို ညဘက်အိပ်ခြင်းဖြင့် အနားယူလိုက်ရပြိး စာများလည်း မကျက်နိုင်ပဲရှိခဲ့ရပါတယ်၊
ပိုးရတီ
No comments:
Post a Comment