ကျောင်းတော်ကြီးလည်း
ပိတ်ပြီ ဥသြလေးတွေလည်း တေးဆိုနေပြီ ကံ့ကော်ပန်းတွေလည်း မွှေးနေကြသည်။ ကျောင်းတော်ကြီးကိ
ုလွမ်းပါသည်။တူမလေးနဲ့လည်း တီတီတာတာပြောနိုင်ပြီ ၊ သမီလေးရဲ့ ရယ်သံလေးတေ ကြားရင်လေ
ခစ်ခစ်ခစ်နဲ့ အရမ်းကိုချစ်ဖို့ကောင်းတဲ့ သမီးလေးပါဘယ်လောက်ပဲ ၈ျီကျကျ သူကအိပ်ရေးပျက်အောင်
ဘယ်လိုပဲလုပ်လုပ် စိတ်တော့ မဆိုးနိုင်ပါဘူးရှင်။ သမီးလေး တစ်နေ့အဝေးကို သူမိဘများနဲ့အတူ
ဝေးကိုသွားမယ့်နေ့ကိုတော့ ပိုပြီးစိုးရိမ်နေမိပါတယ်၊ သမီးလေးက ခုဆိုမှောက်တတ်နေပြီ
လေးလထဲမှာပေါ့၊ သမီးလေးက ခဏလောက်ဝေးနေတဲ့ တီတီကို အရမ်းကိုကပ်တာပါပဲ စာကျက်နေချိန်မှာတောင်
သမီးအသံကြားရင် အပြေးလေးကို ချီချင်နေမိတယ်လေ။ သမီးလေးအရမ်းတော်ဖို့ ထက်မြက်ဖို့ကို
ဘာတွေဘယ်လိုလုပ်ပေးနိုင်မလဲ ဆိုတာစိတ်ကူးနဲ့ကြိုပြီးပုံဖော်ရအုံးမယ်လေ။ သမီးလုပ်ချင်တဲ့
အလုပ်တစ်ခုကိုဖြစ်အောင် လုပ်တတ်ဖို့ရယ်။ ပြီးတော့ရည်မှန်းချက်ထားပြီးရင် အဲဒီကိုယ်လိုချင်တဲ့ပန်းတိုင်ကို
ရောက်အောင်သွားဖို့ သမီးလေးကိုပြောရအုံးမယ်လေ။ ကြီးလာရင် အဒေါ်ထက် အမေထက် အဖေထက် ပိုမိုထူးချွန်ထက်မြက်ဖို့
သမီးလေးကိုပြောပြရအုံးမယ်လေ။ သမီးလေးကို ခဏခဏနို့တွေ အန်ချတယ်လေ အကျီလည်းလဲပေးရတာ ခဏခဏပါပဲ။
သူ့အဘွားကတော့ ငိုသံတောင်မကြားစေရအောင် ထိန်းတတ်တယ်လေ။ သမီးလေး၇ဲကလှုပ်ရှားဟန်ကိုကြည့်ပြီး
သူဘာလုပ်ချင်လဲဆိုတာလည်း အမြဲစောင့်ကြည့်လုပ်ပေးနေရတယ်လေ။ ကလေးကို ဘွားဘွားကမျက်နှာ
အညိုမခံပါဘူး၊ နိုင်ငံခြားမှ ခဏပြန်ရောက်လာတဲ့ အမျိုးတွေလာတုန်းက သမီးလေးကိုတွေ့ချင်တယ်ဆိုပြီး
သွားကြတယ်လေ အလှုကိုပေါ့၊ သမီးလေးကတော့ မငိုဘူးလေသူ့ဒေါ်ဒေါ်တွေ ညီမတွေလက်ကို လိုက်တယ်လေ
သိလား။ မျက်နှာမရွေး လူခေါ်တိုင်း လိုက်တာကတော့ သမီးလေး အားသာချက်ပါပဲလေ။သမီးလေးအကြောင်းကို
နောက်တော့မှ ဆက်ရေးတော့မယ်နော်။
ပိုးရတီ
29-3-2012 3:39 PM
No comments:
Post a Comment