March 5, 2012

4-3-2012 Sunday

ဒီနေ့တော့ကျွန်မတို့သူငယ်ချင်းတစ်တွေစာစုကျက်ကြတယ်၊Operation Management ဘာသာရပ် Assignment ကိုလုပ်ကြတယ်၊ ဇင်မီရယ် မဆွေရယ်၊ဇင်မာရယ် ပိုးရယ်ပေါ့၊ ညနေကြတော့ Business ကိစ္စအတွက်ပိုးတို့ သူငယ်ချင်းတွေတိုင်ပင်ကြတယ် တစ်ယောက်တစ်ပေါက်နဲ့ ငြင်းကြခုံကြနဲ့ နောက်ဆုံးအတည်ပြုပြီးတော့ တစ်ယောက်ကို နှစ်သိန်းစထည့်ပြီး ကုမ္ပဏီထောင်ကြဖို့သဘောတူကြတယ် 5-3-2012 မှာသူငယ်ချင်းတွေကိုအတန်းထဲမှာ ပြန်ပြီးပြောပြကြမယ်ဆိုပြီး တိုင်ပင်ကြတယ်လေ၊ ငွေရမြန်တဲ့ Services အလုပ်ကိုပဲလုပ်ကြမယ်ပေါ့လေ ၊ပျော်စရာကြီး နှင်းနုက မလာနိုင်လို့ သူ့ကိုယ်စားစာရင်းပေးလိုက်တယ် ၊ညနေ ၅ ၃၀ လောက်မှာပြန်လာကြတယ် ပိုးကတော့ ဆံပင်ညှပ်ဆိုင်ဝင်လိုက်တယ် ပြီးမှာအိမ်ပြန်တယ် ဇင်မီက ပိုးရယ် နှင်းနုရယ်ကို အိတ်ဆင်တူနှစ်လုံးလက်ဆောင်ပေးတယ် ပျော်စရာတွေ အသစ်အဆန်းတွေနဲ့နေ့လေးတစ်နေ့ပေါ့လေ အိမ်ပြန်ရောက်တော့အခွေကြည့်ပြီးအိပ်လိုက်တယ် အဲဒါပိုးရဲ့တစ်နေ့တာပေါ့၊ ချစ်စရာကောင်းသောသူငယ်ချင်းများကိုလည်းအမြဲသတိရနေမယ် ၊ မဆွေတောင်အရင်တုန်းက စိတ်နဲ့မတူပဲတစ်ဖြည်းဖြည်းချစ်စရာကောင်းလာတယ် ပိုပိုပြီးကလေးတွေပေါ် ကိုကောက်တတ်လာကတော့ ပိုးတီဆိုတဲ့ကျွန်မပါပဲရှင်။

1 comment:

  1.း)))
    ကျေးဇူးတင်ပါတယ် မမ ပိုးရတီနှင့် မမဇင်မီ... ။
    ကောက်တတ်တဲ့စိတ်ကလေးကို ဗြူတီပါလာပို့ပေးမယ်...
    ဖြောင့်သွားအောင်လို့....။
    အဲ... ဒါကိုလည်း ထပ်ပြီးတော့ မကောက်နဲ့ဦးနော်

    ချစ်တဲ့
    မီးမီးပုတု
    :)

    ReplyDelete